Part 8

1K 98 5
                                    

Chaeyoung's POV

ဝင်သက်ထွက်သက်များပင်ခံစားလို့ရနိုင်တဲ့
အကွာအဝေးကြောင့်
သူမမျက်နှာကအစိတ်အပိုင်းလေးတွေကိုပင်
သေချာမြင်နေရတော့ Chae ရင်ထဲတစ်မျိုးဖြစ်သွား၏

အံ့အားသင့်မှုကြောင့်ဝိုင်းစက်နေတဲ့မျက်ဝန်းလေးရယ်
ခပ်ဟဟလေးပွင့်သွားတဲ့နှုတ်ခမ်းလေးရယ်က
မြင်ရတဲ့သူမှင်သက်သွားနိုင်လောက်အောင်လှသည်

ဒါပေမယ့်
Chae မျက်နှာအမူအရာကိုတော့ပျက်မသွားစေပဲ
သူမကိုရင့်သီးစွာပြောလိုက်မိခဲ့သည်

Chae ဆီကစကားကိုကြားကြားချင်း
ခဏတာငြိမ်သက်သွားပေမယ့်
သူမဆီကထင်မှတ်မထားတဲ့တုန့်ပြန်မှုကိုကြားလိုက်ရ၏

" တို့လည်း အလကားနေရင်းခေါင်းမာပြီး
ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့သူတွေဆို မုန်းပါတယ် "

" ဘာပြောတယ် "

Chae ရဲ့ အံ့သြသံတစ်ဝက်နဲ့မေးခွန်းကို
သူမကလျစ်လျှူရှုပြီး Chae ကိုတွန်းကာ
ကုတင်ပေါ်လှဲအိပ်စေခဲ့သည်

ရုတ်တရက်အခြေအနေတွေကြောင့်အံ့အားသင့်နေတော့ ဘာမှမတုန့်ပြန်နိုင်ပဲအိပ်မိသွားတဲ့နောက်
သူမက Chae ဗိုက်ကဒဏ်ရာကိုဆေးထည့်ပေး၏

" ဒီမှာ! အထင်တွေလွဲမနေနဲ့ဦး
မင်းကိုဒီလောက်ဂရုစိုက်တာ Jeongyeonie ကြောင့် "

မသက်ဆိုင်ပဲ Hyung အကြောင်းပါလာပြန်တော့
Chae နားမလည်နိုင်ဖြစ်သွားသည်

" ဒီနေရာမှာ ဘာလို့ Hyung အကြောင်းပါလာရတာလဲ ဘာဆိုင်လို့လဲ "

" ဆိုင်တာပေါ့ မင်းက သူ့ညီမလေးပဲ
မင်းကိုဂရုစိုက်တော့ သူ့ကိုကူညီရာရောက်တယ်လေ "

Chae မျက်နှာကိုမကြည့်ပဲ ဒဏ်ရာကိုသာအာရုံစိုက်ပြီးပြောနေတဲ့ သူမကို Chae သေချာစိုက်ကြည့်လိုက်၏

" Hyung ကိုကူညီချင်ရင် Hyung ဆီသွားလေ
ဘာလို့ ငါ့ဆီလာရတာလဲ "

ခတ်ပြတ်ပြတ်ပြောလိုက်တဲ့လေသံကြောင့်ထင်၏
သူမက လုပ်လက်စကိုအပြီးသတ်လိုက်ပြီး
Chae ကိုမော့ကြည့်သည်

" သူက မင်းလိုပြဿနာရှာတတ်တဲ့သူမဟုတ်ဘူးလေ "

" ဘာ! ခင်ဗျား,, "

Kind But Not SoftWhere stories live. Discover now