Part 17

861 94 8
                                    

Mina's POV

အစမှာဆန်းကြယ်ခဲ့တယ်
သူကချစ်တတ်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို

နောက်တော့သိချင်ခဲ့တယ်
သူနဲ့ပတ်သက်တဲ့အရာအားလုံးကို

တစ်စတစ်စနဲ့မက်မောလာခဲ့တယ်
ဖြေးဖြေးချင်းတိုးဝင်လာတဲ့သူ့ရဲ့ခြေလှမ်းတွေကို

အခု သတိထားမိချိန်မှာတော့
Mina ကမ္ဘာမှာအားလုံးပြောင်းလဲနေခဲ့ပြီ

တိတ်ဆိတ်စွာနဲ့ နှလုံးသားကအလိုရှိတဲ့အတိုင်း
Mina ရဲ့ခြေလှမ်းတွေကိုသူ့ဆီဦးတည်လိုက်ချိန်မှာတော့
သူက
Mina ရဲ့အရာရာဖြစ်နေခဲ့ပြီထင်ရဲ့

အခြားတစ်ဖက်မှာရှိတဲ့သူ့ကိုကြည့်နေရရုံလေးနဲ့တင်
ဒီလောက်ထိနာကျင်ရတယ်ဆိုရင်
Mina တို့အပြီးအပိုင်စည်းခြားသွားတဲ့အခါ
ခံနိုင်ရည် ရှိပါလိမ့်မည်လား

>>>>

လက်ထဲဖန်ခွက်လွတ်ကျသွားမိတဲ့အထိ
Mina တုန်လှုပ်သွားခဲ့မိသည်

Hirai Momo သူမက
ရုတ်တရက်ဒီလိုမေးခွန်းမျိုးမေးလိမ့်မယ်လို့
ထင်မထားခဲ့တာကြောင့်တော့မဟုတ်ခဲ့

သူ့ဆီပြန်လာလာချင်း မေးခဲ့တာကြောင့်
Mina မထိန်းချုပ်နိုင်ဖြစ်သွားခဲ့ခြင်းသာ

ပြီးတော့

ထို့အဖြစ်အပျက်က Mina တို့အားလုံးရဲ့ရှေ့မှာ

ဖန်ခွက်ကျကွဲသံပင် သိပ်မကြားရပဲဝေဝါးသွားတဲ့အထိ
Mina ထူပူသွားခဲ့တယ်ဆိုရင် လွန်လေမလား

" Mina ah အဆင်ပြေရဲ့လား? "

Jeongyeon ဆီမှစိုးရိမ်စွာမေးလိုက်တဲ့အသံကိုကြားရပြီးနောက် အားလုံးရဲ့အသံတွေငြိမ်သက်သွား၏

Mina ကို သူကြည့်နေမယ်ဆိုတဲ့အသိနဲ့ ပို၍ထူပူသွားတော့
လုပ်မိလုပ်ရာလုပ်လိုက်မိတာက
ခြေထောက်အနားက
ဖန်ကွဲစတွေသိမ်းယူရန်ပြင်လိုက်ခြင်းပင်

" Mina ah! "

" Yah, Ketchup! "

ချက်ချင်းပဲ Jeongyeon က Mina လက်ကို
အထိတ်တလန့်နဲ့ဖမ်းဆုပ်လိုက်ချိန်
သူ့ဆီမှခေါ်သံတိုးတိုးကိုလဲ Mina ကြားလိုက်ရသည်

Kind But Not SoftWhere stories live. Discover now