Part 2

1.6K 134 16
                                    

Chaeyoung's POV

University ရဲ့ Canteen ဆိုတာကို
ဒါပထမဆုံးရောက်ဖူးခြင်းဖြစ်တာကြောင့်
Chae အတွက်အရာရာကအသားမကျဖြစ်နေသည်

Dahyun ဇွတ်ခေါ်၍သာလာခဲ့ရပေမယ့် ပေါ်တင်တစ်မျိုး မသိမသာတစ်မျိုးကြည့်ကြတဲ့သူတွေကိုလစ်လျှူရှုဖို့ကြိုးစားရင်း စိတ်ကျဉ်းကျပ်နေ၏

လူထူထပ်တဲ့နေရာတွေကိုသွားရတာမနှစ်သက်တတ်သူဖြစ်လို့ ပိုပြီးအနေရခက်နေခြင်းဖြစ်မည်

ပထမဆုံး Canteen သွားတဲ့နေ့ပဲ
တိုက်တိုက်ဆိုင်ဆိုင် Ketchup နဲ့အဖြန်းခံလိုက်ရတော့ Hoodie အဖြူရောင်ပေါ်မှာနီရဲနေတဲ့အစွန်းအထင်းတွေကမြင်မကောင်း

ထို့ကြောင့်ပို၍ပင်အကြည့်ခံနေရသည်ဟု
စိတ်ကထင်မိသည်

တစ်ခုပဲ Chae အတွက်ထူးခြားခဲ့သည်က
နီညိုရောင်ဆံနွယ်ရှည်တွေနဲ့သူမ

အရိုးသားဆုံးဝန်ခံရရင်
Chae တွေ့ဖူးသမျှမိန်းကလေးတွေထဲမှာ
သူမကအလှဆုံးလို့ထင်မိလောက်အောင်လှသည်

ခဏပဲတွေ့လိုက်ရတယ်ဆိုပေမယ့်
သူမမျက်နှာအသေးစိတ်ကို Chae မှတ်မိနိုင်လောက်အောင် သူမရဲ့အလှကထူးခြားသည်

တောက်ပနေတဲ့မျက်ဝန်းတစ်စုံ
နှာခေါင်းချွန်ချွန်လေးတစ်ခု
နီရဲနေတဲ့နှုတ်ခမ်းပါးပါးလေး
အရာအားလုံးကမှင်သက်စရာကောင်းသည်

ပြီးတော့
Chae အာရုံကိုဖမ်းစားခဲ့တာ
သူမရဲ့မျက်နှာပေါ်ကလှပနေတဲ့ မှဲ့ကလေးသုံးခု

သူမရဲ့နှုတ်ခမ်းပေါ်ကမှဲ့ကလေးကိုမြင်တဲ့အချိန်မှာတော့ Chae မျက်နှာလွှဲခဲ့မိသည်

ကံကြမ္မာကြောင့်ပဲလား
သူမနဲ့ဒီနေ့နှစ်ကြိမ်တွေ့ခဲ့သည်

ပထမအကြိမ်တွေ့ဆုံခဲ့တဲ့
ကျောင်းခန်းထဲကအဖြစ်အပျက်ကမလှပခဲ့
ဒုတိယအကြိမ်တွေ့ဆုံခြင်းကတော့
ဘယ်လိုအမည်တပ်ရမလဲ Chae မတွေးတတ်

Chae တစ်ယောက်ထဲတွေးရင်းနဲ့လျှောက်ခဲ့မိတာ ထောင့်အကျဆုံးဆိုင်တစ်ဆိုင်မှာစောင့်နေတဲ့ Dahyun ကိုမြင်မှအတွေးပြတ်သွားသည်

====

Third Person's POV

Kim Dahyun
Chaeyoung ရဲ့ Best friend အလယ်တန်းကတည်းကအတူတူပေါင်းလာခဲ့တာဖြစ်ပြီး Chaeyoung ကိုအရမ်းချစ်၍ Uni အတူတူလိုက်တက်သည့်အပြင် Major ပါအတူယူထားသူဖြစ်သည်

Kind But Not SoftWhere stories live. Discover now