Part 6

1.2K 113 9
                                    

Third Person's POV

ဆေးရုံကိုသွားမှာလို့မပြောခဲ့တဲ့ Mina
အခက်တွေ့သွားပေမယ့်
မျက်နှာမပျက်အောင်ထိန်းရင်းမေးလိုက်သည်

" ဘာလို့အတူသွားမှာလဲ "

" နင်တစ်ယောက်တည်းဖြစ်နေလို့လေ "

Jeongyeon ရဲ့ရိုးရှင်းတဲ့အဖြေကြောင့်
Mina ပြုံးလိုက်၏

" ရပါတယ်
ငါတစ်ယောက်ထဲသွားလို့ရတဲ့ကိစ္စပါ
နင်တကယ်ကူညီချင်တယ်ဆိုရင်
စာသွားပြန်သင်လိုက်ပါ Jeongyeon ah"

Mina ရဲ့တောင်းဆိုမှုဆိုရင်
သိပ်ပြီးငြင်းဆန်လေ့မရှိတဲ့အတိုင်း
Jeongyeon က Mina လက်ကိုလွှတ်ပေးသည်

" နင်မှာဘာကိစ္စရှိမှန်းမသိပေမယ့်
တစ်ခုခုဆို ငါတို့ကိုအကြောင်းကြား
ဟုတ်ပြီလား? "

" အင်း ငါသွားတော့မယ် "

ရပ်ကျန်ခဲ့တဲ့ Jeongyeon ကိုကျောခိုင်းခဲ့ပြီး
Mina ကားရှိရာဆီဦးတည်ခဲ့သည်

* Sorry Jeonyeon ah~ *

====

Mina's POV

ဆေးရုံရောက်ရောက်ချင်း
သူရှိတဲ့အခန်းဆီ Mina အပြေးသွားမိသည်
သူနဲ့တွေ့ရင် ဘယ်ကဘယ်လိုစကားစပြောရမလဲ
Mina မသိပေမယ့် တွေ့ချင်စိတ်ကထိန်းမရခဲ့

အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့
Mina ထင်ထားတာနဲ့လွဲနေလေသည်

* ဟင် *

ဘယ်သူတစ်ဦးတစ်ယောက်မှမရှိပဲ
ရှင်းလင်းနေသောအခန်းလွတ်တစ်ခုသာဖြစ်နေကြောင်း Mina သိလိုက်၏

ရင်ထဲလစ်ဟာသွားခြင်းနဲ့အတူ
မယုံကြည်နိုင်ဖြစ်နေမိသည်

" Mi~~na ssi? "

အသံလာရာဆီကိုလှည့်ကြည့်မိတော့
Son Chaeyoung ကိုတာဝန်ယူခဲ့ရတဲ့ Nurse လေး
အခန်းထဲဝင်လာတာကိုတွေ့လိုက်ရသည်

" ဟုတ်ကဲ့ "

Nurse လေးက
Mina ရဲ့အခြေအနေကိုနားလည်ဟန်ရှိသည်

" Chaeyoung ssi ဆိုရင်တော့
ဒီမနက်ပဲဆေးရုံကဆင်းသွားပါပြီ Mina ssi "

" ဆင်းသွားပြီ ? "

Mina အသံအနည်းငယ်ကျယ်သွားတာကြောင့်
ဘေးနားက Nurse လေးလန့်သွား၏

Kind But Not SoftWhere stories live. Discover now