Part 23

1.1K 95 14
                                    

Chaeyoung's POV

" ငါ Jeon Somi "

ပထမဆုံးကြားဖူးတဲ့ နာမည်တော့မဟုတ်ခဲ့
မနေ့က Sana unnie ပြောထားတာမှတ်မိနေသေးသည်

" Jeon Somi? "

သံယောင်လိုက်မိသလိုဖြစ်သွားတဲ့ Chae ကိုကြည့်ပြီး
သူမက ထပ်ရှင်းပြသည်

" ငါတို့ အတန်းချိန် တော်တော်များများအတူတူပဲလေ "

" Sorry ငါ,, "

" No problem!
နင် ဘယ်အရာကိုမှသိပ်စိတ်မဝင်စားတတ်တာ
ငါသိတယ် "

" ဘာ? ဘယ်လိုလုပ်ပြီး,, "

အံ့သြသွားတဲ့ Chae ပုံစံကြောင့်
သူမက သွားလှလှလေးတွေပေါ်တဲ့အထိရယ်လေသည်

ပြီးမှ တစ်ခုခုကိုသတိရသွားဟန်နဲ့ပြောသည်

" Ah.. Cola အခုမသောက်တော့ဘူး
နောက်မှ အရသာရှိတာတစ်ခုခုသွားစားမယ်
ဘယ်လိုလဲ "

" Aww,, အဲဒါ "

" သွားမယ်နော် See ya "

Chae ရဲ့စကားတွေကို ရှေ့ဆက်ခွင့်မပေးပဲ
သူမ နှုတ်ဆက်၏

" Yah,,"

အော်ခေါ်လိုက်ပေမယ့် သူမထွက်သွားလေပြီ

Vending machine နားမှာ ရပ်ကျန်နေခဲ့တဲ့
Chae ပြုံးရင်း သက်ပြင်းလည်းချလိုက်၏

====

Mina's POV

ခြေဖျားလက်ဖျားတွေချက်ချင်းအေးလာပြီး
Mina နှလုံးခုန်တွေလည်းမြန်နေသည်

Mina နာမည်ကိုမေးခဲ့တဲ့ထိုသူရဲ့လည်ပင်းက
တက်တူးကိုမြင်လိုက်ချိန်ကစပြီး
Mina အဆင်မပြေဖြစ်ခဲ့ခြင်းပင်

အဲဒီလို လည်ပင်းတက်တူးအကြီးကြီးတွေမြင်တိုင်း
Mina ရဲ့ Trauma ကပြန်၍နှိပ်စက်နေတုန်းဆိုတာ
ငြင်းမရ

အားအင်မရှိဖြစ်လာတော့ လက်ထဲက Strawberry milk ဘူးက မြေပြင်သို့ပြုတ်ကျသွား၏

* Chaeyoung ah
အမြန်လာပါတော့ *

စိတ်ထဲကနေရေရွတ်လိုက်ပြီး မထိန်းနိုင်ပဲ
Mina ပျော့ခွေကျသွားချိန်
လက်တစ်စုံက Mina ကိုယ်လုံးကိုဖေးမပေးလေသည်

" Minari "

အားလျှော့လိုက်၍ထင်ရဲ့ လှမ်းထိန်းပေးထားတဲ့
သူ့ရင်ခွင်ထဲကိုမြုပ်ဝင်သွားခဲ့သည်

Kind But Not SoftWhere stories live. Discover now