Part 9

1K 103 7
                                    

Mina's POV

* Son Chaeyoung *

Mina အသံတိတ်ရေရွတ်လိုက်မိချိန်
သူ့ဆီမှသာယာမှုမရှိတဲ့အသံကိုထပ်ကြားလိုက်ရသည်

" မညစ်ပတ်ပါဘူး စီးသွားလိုက်ပါ "

စိတ်ကထင်မိလိုက်တာနဲ့တစ်ပြိုင်နက်
သူ့ခြေထောက်ဆီအကြည့်ရောက်သွားတော့
Mina ပိုပြီးမယုံနိုင်ဖြစ်သွားမိသည်

အဖြူရောင်ခြေအိတ်လေးတစ်စုံသာရှိတော့တဲ့
သူ့ခြေထောက်ကိုကြည့်ရင်း
သူစီးတဲ့ဖိနပ်ကိုချွတ်ပေးတာမှန်းနားလည်လိုက်သည်

ဒါပေမယ့် Mina သူ့ဆီကအကူအညီကိုမယူချင်

" မလိုပါဘူး "

" ခင်ဗျားအခြေအနေက
အဲဒီဖိနပ်နဲ့လမ်းဆက်လျှောက်လို့ရမှာမဟုတ်ဘူး
အဲဒါကြောင့် "

Mina မျက်နှာကိုမကြည့်ပဲ
ဘေးကိုလွှဲကြည့်ရင်း သူပြောသည်

" မင်းကျတော့ရော ဘယ်လိုလုပ်ပြီးလျှောက်မှာလဲ "

မေးခွန်းတစ်ခုကိုချက်ချင်းဆိုသလိုမေးလိုက်မိရင်း သူပေးတဲ့ဖိနပ်ကိုမစီးပဲ Mina မတ်တပ်ရပ်လိုက်ပေမယ့်
ခြေထောက်ကနာကျင်မှုကြောင့်
မျက်နှာပျက်သွားရပြန်သည်

အဲဒါကို သူက ရိပ်မိသွားပုံရသည်

" ရတယ်
ဒီက ခြေထောက်ခိုက်မိလဲကိစ္စမရှိဘူး
ခင်ဗျားက ပြိုင်ပွဲရှိတယ်ဆိုတော့,, "

* ဟင် *

Mina ပြိုင်ပွဲရှိတာကို သူဘယ်လိုလုပ်ပြီးသိတာလဲဆိုတဲ့အတွေးကိုသူကသိနေသည်အလား ဖြေရှင်းချက်ပေး၏

" Dahyunie ပြောတာ "

" ဪ ဒါပေမဲ့လည်း.. "

ကားပါကင်အထိအတော်လေးဝေးသေးတာသိလို့
Mina ငြင်းမယ်လုပ်လိုက်မိတော့
သူက Mina မျက်နှာကိုကြည့်ပြီးပြောပြန်သည်

" စိတ်ပူမနေပါနဲ့ ခင်ဗျားကိုဂရုစိုက်လို့မဟုတ်ပါဘူး
ခင်ဗျားအကူအညီပဲတွေယူခဲ့ရတာဆိုပြီး
Dahyunie အပြောမခံချင်လို့ ပြန်ကူညီတာ "

" ဘာ "

" ပြီးတော့ ကားထဲမှာဖိနပ်တစ်ရံရှိသေးတော့
ဒီကအေးဆေးပဲ
အဲဒါကြောင့် ဒါကိုခင်ဗျားစီးသွားလိုက် "

Kind But Not SoftWhere stories live. Discover now