Mina's POV
နေ့ခင်းပိုင်းအတန်းချိန်ရှိတဲ့ Mina တို့သူငယ်ချင်းတစ်စု
နေ့လည်စာကို canteen မှာစားကြမည်ဖြစ်သည်Mina ကျောင်းကိုရောက်တော့နေ့လည်စာစားချိန်ဖြစ်တာကြောင့် စာသင်ခန်းတွေထဲကျောင်းသားတွေရှင်းနေ၏
Sana တို့နဲ့တွေ့ဖို့ချိန်းထားတဲ့အခန်းဆီသို့သုတ်ခြေတင်ခဲ့ရင်း ကျောင်းခန်းတွေကိုဖြတ်အလျှောက် အခန်းတစ်ခန်းရှေ့ရောက်တော့ အဖြစ်အပျက်တစ်ခုက Mina ခြေလှမ်းတွေရပ်တန့်သွားစေသည်
စာသင်ခန်းထဲမှာကောင်မလေးနှစ်ယောက်
စကားများနေကြတာကိုတွေ့လိုက်ရသည်Short hair လေးနဲ့တစ်ယောက်ကစာသင်ခုံမှာထိုင်နေတာဖြစ်ပြီး Blonde long hair လေးနဲ့တစ်ယောက်ကတော့ ခုံရှေ့မှာမတ်တပ်ရပ်နေတာဖြစ်သည်
" ထွက်သွား ! "
Short hair လေးကထိုင်နေလျှက်မှ
နောက်တစ်ယောက်ကိုနှင်ထုတ်နေပုံရသည်" မသွားနိုင်ဘူး "
" ထွက်သွားလို့ပြောနေတယ် "
" ငါတောင်းပန်တာကို နင်လက်မခံမချင်း
ငါမသွားဘူး "Short hair လေးကမတ်တပ်ထရပ်လိုက်ရင်း
ထပ်ပြီးတောင်းဆိုသလိုပြောသည်" ငါနဲ့ဆက်ပြီးမပတ်သက်ပါနဲ့တော့ "
ဘာကြောင့်မှန်းရယ်မသိ Mina မျက်လုံးတွေက
ထိုကောင်မလေးဆီကခွာမရခဲ့Chocolate ရောင် Wavy Short hair နဲ့ဖြစ်ပြီး အဝေးကကြည့်တာတောင် ချောမောလှပခြင်းကသိသာနေသည်
Blue jean ကို Hoodie အဖြူရောင်လေးနဲ့တွဲဖက်ဝတ်ဆင်ထားတော့ ကောင်လေးတစ်ယောက်နဲ့ပို၍တူနေသည်Mina သူ့ကိုငေးမိသွား၍ထင်ရဲ့
သူတို့ဘာတွေဆက်ပြောလဲမကြားလိုက်
အသံတိုးသွားတာရယ် အဝေးကဖြစ်နေတာကြောင့်ရယ် မကြားလိုက်တာလဲဖြစ်နိုင်သည်Mina စူးစမ်းချင်စိတ်ကိုထိန်းချုပ်လို့မရ
ရှေ့ကိုတိုး၍ကြည့်လိုက်မိသည်ပုံမှန်ဆို Myoui Mina သည်ဒီလိုမျိုးစပ်စုတတ်သူတစ်ယောက်မဟုတ်ပေမယ့် အခုတော့နားမလည်နိုင်စွာပဲ အကြည့်တို့လွှဲခွာ၍မရခဲ့