Part 14

937 85 10
                                    

Mina's POV

" Ketchup ကိုအဲဒီလောက်ထိကြိုက်တာလား "

သူ့လက်မပေါ်မှာပေသွားပြီဖြစ်တဲ့ Mina နှုတ်ခမ်းက Ketchup အချို့ကို Mina မြင်အောင်ပြသည်

* ဟင် *

တကယ်တော့ သူက Mina နှုတ်ခမ်းထောင့်မှာပေနေတဲ့ Ketchup ကို သုတ်ပေးခဲ့ခြင်းသက်သက်ဖြစ်၏

Mina ကိုယ့်အတွေးနဲ့ကိုယ်မျောသွားမိတဲ့အဖြစ်ကို
ရှက်မိသွားတဲ့အချိန်
သူကမတ်မတ်ပြန်ရပ်လိုက်ရင်းထပ်ပြီးပြုံးနေပြန်သည်

" တွေ့လား
ခင်ဗျားအနားမှာနေလို့မဖြစ်ဘူး
အဲဒါကြောင့် ထွက်ပြေးမလို့ "

လုပ်ချင်ရာလုပ်ပြောချင်ရာပြောပြီးမှ
ထွက်သွားဖို့ပြင်တဲ့သူ့ကို Mina အသဲယားသွားမိသည်

" မင်းက မကောင်းတဲ့ကလေးဆိုတာ သိလား "

မတိုးမကျယ်အသံကြောင့် ဖြေးဖြေးချင်းလှမ်းသွားတဲ့သူ့ခြေလှမ်းတွေရပ်သွားပြီး Mina ကိုလှည့်ကြည့်သည်
မီးရောင်မှိန်မှိန်အောက်ဆိုပေမယ့်
သူ့မျက်နှာတည်ငြိမ်နေတာကိုအတိုင်းသားမြင်နေရသည်

" ဘာ "

" လူကိုဂရုစိုက်ချင်တဲ့အချိန်မှာဂရုစိုက်ပြီး
လစ်လျူရှုချင်တဲ့အချိန်
နည်းနည်းလေးမှလှည့်မကြည့်တတ်တာ "

Mina ရှိတဲ့ဖက်လှည့်လာပြီဖြစ်တဲ့သူ့အနားကို ကြိုးစား၍လှမ်းသွားလိုက်ပြီး
သူ့မျက်နှာကိုစေ့စေ့ကြည့်တော့
သူကခံစားချက်မဲ့နေတဲ့အကြည့်နဲ့ပြန်ကြည့်နေ၏

တကယ်ပဲခံစားချက်မဲ့နေတာလား
အယောင်ဆောင်နေတာလား Mina မသိနိုင်ပေမယ့် ဆက်ပြောမိသည်

" မင်းက လူတစ်ယောက်ရဲ့ခံစားချက်ကို
လွယ်လွယ်လေးသဘောထားတတ်ပုံပဲ
သေချာနားထောင်
မင်းပေးလိုက်လို့ရသွားသူဆီက မင်းပြန်လက်မခံနိုင်ရင်
မပေးပါနဲ့
လက်ခံရတိုင်းလည်း
ကောင်းတယ်လို့သတ်မှတ်မထားဘူး "

သူ့ရဲ့အကျင့်အတိုင်း နှုတ်ဆိတ်နေပြန်၏

သူ့အနားကနေ Mina ဖြတ်လျှောက်အသွားမှာ
သူ့ဘေးနားယှဥ်ရပ်လိုက်ပြီး
ခပ်တိုးတိုးထပ်ပြောလိုက်သည်

Kind But Not SoftWhere stories live. Discover now