Part 15

1K 95 18
                                    

Chaeyoung's POV

" Dahyun ah, သိလား
အရမ်းကိုမကြိုက်ပေမယ့် အရမ်းလုပ်ချင်နေတာမျိုး "

အဝေးတစ်နေရာကိုငေးရင်း
မသိမသာလေး မေးခဲ့ဖူးသည်

" ဘာတွေမေးနေတာလဲ ရုတ်တရက်ကြီး? "

အဓိပ္ပာယ်မပေါက်တဲ့ Dahyun က မေးခွန်းကိုမေးခွန်းနဲ့တုန့်ပြန်ခဲ့တာကြောင့် Chae ခေါင်းရမ်း၍ဖုံးကွယ်ခဲ့ဖူးသည်

* သူမနဲ့ဝေးဝေးနေရမှာမကြိုက်ပေမယ့်
သူမရဲ့အဝေးမှာပဲနေချင်တာမျိုး *

စိတ်ထဲကနေပဲ တိတ်တိတ်လေးပြောခဲ့ဖူးသည်

ပြီးတော့

တစ်ယောက်ထဲ နာကျင်စွာပြုံးခဲ့ဖူးသည်

အမှန်အတိုင်းဝန်ခံရရင်
စတွေ့တဲ့နေ့ကစပြီး
သူမဆီမှာဖြေးဖြေးချင်းနစ်ဝင်ခဲ့သည်

ပန်းချီပိတ်ကားထက်မှာ သူမကိုပုံဖော်မိတဲ့အထိ
သူမက အာရုံထဲမှာလှုပ်ရှားခဲ့သည်

ချစ်ခြင်း မုန်းခြင်းတွေနဲ့မသက်ဆိုင်ပဲ
သူမက Chae အတွက် လှပတဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့သည်

သူမနဲ့အမှတ်တရတွေအားလုံးကိုတိတ်တခိုးရေးခြစ်ရင်း Chae ရဲ့နေ့ရက်တွေက သူမနဲ့ပြည့်နှက်နေခဲ့သည်

ကိုယ့်ကိုကိုယ် မယုံချင်ခဲ့
Ne Ne မဟုတ်တဲ့
တခြားသူတစ်ယောက်ကိုထပ်ပြီး
စွဲလမ်းသွားနိုင်လိမ့်မယ်လို့

လက်မခံရဲခဲ့
အဲဒီစွဲလမ်းမှုဆိုတဲ့ခေါင်းစဥ်ကနေ
မတပ်သင့်တဲ့တခြားခေါင်းစဥ်တစ်ခုအဖြစ်
ပြောင်းသွားခဲ့မယ်လို့

>>>>

သိပ်လှတဲ့မြင်ကွင်းတစ်ခုကို
တစ်ကိုယ်ကောင်းဆန်စွာပဲ တစ်နေ့မှာအကြိမ်များစွာ
Chae ပိုင်ဆိုင်ဖို့ကြိုးစားခဲ့သည်

သူမကျောင်းလာတဲ့အချိန်
သူမ နေ့လည်စာစားတဲ့အချိန်
သူမ Practice room သွားတဲ့အချိန်
ပြီးတော့ ပြန်တဲ့အချိန်

တစ်ခါတစ်ရံမှာ အဝေးတစ်နေရာမှ
ငေးမောကြည့်နေရခြင်းက နီးကပ်ဖို့ကြိုးစားတာထက်
မြတ်နိုးစရာကောင်းမှန်း သူမက သင်ပြပေးခဲ့သည်

Kind But Not SoftWhere stories live. Discover now