Part 25

850 83 15
                                    

မှောင်မိုက်ခြင်းမှာကျင့်သားရနေခဲ့သူတစ်ယောက်က
အလင်းကိုပိုင်ဆိုင်ပြီးတဲ့နောက် ပြန်ဆုံးရှုံးလိုက်ရရင်
အဆုံးအစမရှိအောင် မှောင်မိုက်သွားတယ် Minari

Chaeyoung အတွက်
Myoui Mina ဆိုတာ
အပြာနုရောင်အလင်းတန်းလေးတစ်ခု

လင်းလက်မှုနဲ့အတူ
တစ်ချိန်မှာ နွေးထွေးခြင်းကိုပေးပြီး
တစ်ချိန်မှာ အေးမြခြင်းကိုလည်းပေးတယ်

ခင်ဗျားက အဲဒီလိုတည်ရှိမှုမျိုး Minari

အခုတော့
တစ်ခုတည်းသော အလင်းတန်းလည်း
Chae အနားမှာမရှိတော့ဘူး

ခင်ဗျားနဲ့ပတ်သက်တဲ့မှတ်ဥာဏ်တွေကိုထွေးပွေ့ရင်း
အမှောင်ထဲမှာပဲ နေရတော့မယ်

====

Third Person's POV

" Mina ah သတိထားပါဦး "

မိုးရေထဲမှာ အသိစိတ်လွတ်နေတဲ့သူတစ်ယောက်လိုလမ်းလျှောက်နေတဲ့ Mina ရဲ့လက်ကိုလိုက်ဆွဲရင်း Jeongyeon အော်လိုက်သည်

" ငါ့ကို လွှတ်ထားပေးပါ "

အလိုမကျသလိုအားကုန်ခါပစ်လိုက်တော့
Jeongyeon လက် လွတ်သွားလေသည်

" MYOUI MINA "

ဒေါသတကြီးခေါ်လိုက်တော့
Mina ခြေလှမ်းတွေရပ်သွားသည်
တစ်ဆက်တည်းမှာပဲ အနောက်မှာကျန်ခဲ့တဲ့ Jeongyeon ကိုလှည့်ကြည့်လေသည်

မျက်ရည်တွေကျမနေတော့တာသေချာပေမယ့်
Mina မျက်နှာက အမူအရာမဲ့နေပြီး
Mina မျက်ဝန်းတွေက
သေချာမရွေ့လျားတော့သလို မှေးမိန်နေသည်

" Jeongyeon ah
တောင်းပန်ပါတယ် "

Jeongyeon မင်သက်သွားရသည်
တစ်ခါမှမမြင်ဖူးတဲ့ Mina ရဲ့ပုံစံအသစ်ဖြစ်တာကြောင့်
တုန့်ပြန်ဖို့ မတတ်နိုင်တဲ့အထိ ငေးမိသွားသည်

" အဲဒီကောင်ကို ချက်ချင်းမေ့ပစ်နိုင်ဖို့
ငါ အခု ဒီလိုမျိုး မိုးရေတွေနဲ့ဖြစ်ဖြစ်
ခေါင်းကိုဆေးပစ်လိုက်မှရတော့မယ်ထင်လို့

ငါ့ခေါင်းထဲက
အဲဒီမကောင်းတဲ့လူကိုထုတ်ပစ်ဖို့ကြိုးစားတာလေ
သိလား Jeongyeon ah
ဒါပေမယ့် မရဘူးဖြစ်နေတယ် "

Kind But Not SoftWhere stories live. Discover now