Part 11

973 111 8
                                    

Mina's POV

သူ့ဆီမှအသံတိတ်နေခဲ့သည်
တစ်နည်းအားဖြင့်
Mina တောင်းဆိုချက်ကိုသူဖြည့်ဆည်းမပေးခဲ့ပါ

သူ့ဆီမှ Mina အလိုရှိနေတဲ့ထွေးပွေ့မှုကိုမရရှိခဲ့

သူ့လည်တိုင်ကိုထွေးဖက်ထားဆဲဖြစ်တဲ့ Mina
လက်ကိုညင်သာစွာဖယ်လိုက်ရင်း သူစကားစသည်

" ခင်ဗျားအတွက် ရေသွားယူပေးမယ် "

သူထထွက်သွားဖို့လုပ်လိုက်ချိန် Mina အလိုလိုပဲ
သူ့လက်ကိုလှမ်းဆွဲလိုက်မိသည်

" ဟင့်.. ဟင့်အင်း ရေမလိုဘူး မသွားပါနဲ့ "

အံ့သြသွားသလိုရှိတဲ့သူက Mina အခြေအနေကို သာမန်အိပ်မက်ဆိုးမက်တာမျိုးမဟုတ်မှန်းရိပ်မိသွားပုံရ၏

" ဟုတ်ပါပြီ
ဒီတိုင်း အနားမှာနေပေးမယ်
ခင်ဗျားပြန်အိပ်လိုက်ပါ "

Mina ရဲ့အလိုအတိုင်း
ထွေးဖက်ထားပါမည်ဆိုသောတုန့်ပြန်မှုမျိုး
မဟုတ်ခဲ့ပြန်တဲ့သူ့စကားကြောင့်
ခဏတာမှင်သက်သွားခဲ့သည်

ဒါပေမဲ့ သူက
ငေးငိုင်နေတဲ့ Mina ပုခုံးကိုကိုင်ပြီးအိပ်ရာပေါ်ပြန်လှဲစေတာကြောင့် Mina လှဲအိပ်လိုက်ရ၏

အခုအခြေအနေကို သူနားလည်နိုင်မှာမဟုတ်မှန်း Mina သိတဲ့အတွက် စိတ်ကိုတတ်နိုင်သလောက်ထိန်းရင်း Mina မျက်လုံးတွေမှိတ်ထားလိုက်သည်

ချက်ချင်းဆိုသလိုပဲ
မစဉ်းစားချင်ပေမယ့် အတွေးထဲရောက်လာတဲ့အတိတ်ဆိုးတစ်ခုက Mina ကိုထပ်ပြီးခြောက်လှန့်ပြန်၏

မျက်လုံးတွေကိုမှိတ်တော့ အတိတ်ကထိုမြင်ကွင်းကိုပြန်မြင်လာတာကြောင့်ပြန်၍တုန်ရီလာသည်

Mina ကလေးဘဝတုန်းကအယုံကြည်ရဆုံးအဒေါ်ဆီမှပြန်ပေးဆွဲတာခဲ့ရတဲ့မြင်ကွင်းဖြစ်၏

ဘယ်လိုမှအဆင်မပြေတော့မှန်းသိ၍ Mina
အားတင်းပြီးပြန်၍ထထိုင်ဖို့ဆုံးဖြတ်လိုက်သည်

အဲဒီအချိန်မှာပဲ Mina ရဲ့ညာဖက်လက်ကို
နွေးထွေးစွာဆုပ်ကိုင်လိုက်တာကိုခံစားရတော့
အံ့သြသွား၍ ပြန်လှဲလိုက်မိပြန်၏

Kind But Not SoftWhere stories live. Discover now