Part 5

1.2K 113 9
                                    

Mina's POV

သတိထားလိုက်မိချိန်မှာ
Mina သူ့ကိုယ်လုံးအောက်ကိုရောက်သွားပြီဖြစ်သလို
Off shoulder ဝတ်ထားတဲ့ Mina ရဲ့ပုခုံးပြင်မှာလည်း
နွေးခနဲဖြစ်သွားသည်

* Ah *

နူးညံ့တဲ့နှုတ်ခမ်းတစ်စုံဆိုတာသိလိုက်တော့
ရှက်ရွံစိတ်ကြောင့်ပဲလား
Mina ဘယ်ဖက်ရင်ဘတ်ကနှလုံးခုန်သံက
အစီအစဉ်မကျဖြစ်လာ၏

ပို၍အနေရခက်မိသည်က
တန်းပြန်မထနိုင်တဲ့သူ့ဆီမှ ဝင်သက်ထွက်သက်တို့
Mina လည်ပင်းနားမှာရှိနေခြင်းသာ

ဘယ်လို့မှနေလို့မရတော့တဲ့အဆုံး
သူ့ကိုအမြန်တွန်းဖယ်လိုက်မိသည်

ဒီတိုင်းဆို
Mina နှလုံးခုန်သံကိုသူကြားတော့မည်

" Ah!! "

ဗိုက်ကိုကိုင်လိုက်ရင်း
နာကျင်စွာအော်လိုက်တဲ့သူ့ကြောင့်
Mina လက်ရှိအခြေအနေကိုနားလည်သွားချိန်
သူကမတိုးမကျယ်အော်လေသည်

" Yah! Ketchup "

Mina သူ့ကိုညင်သာစွာ ဆွဲထူပေးလိုက်ပေမယ့်
စိတ်ထဲအလိုမကျဖြစ်နေခြင်းနဲ့အတူ
ရင်ခုန်တာလည်းမရပ်ခဲ့ပါ

Mina ဆိုတာအနေအေးသည်
မာနကြီးသည်

အခုချိန်ထိချစ်သူရည်းစားထားခဲ့ဖူးခြင်းမရှိခဲ့အပြင် ရင်ခုန်ခဲ့ရဖူးသူတစ်ဦးတစ်ယောက်မှမရှိခဲ့တော့
ဒီအဖြစ်အပျက်က Mina အတွက်ထူးဆန်းနေသည်

သူငယ်ချင်းတွေနဲ့
ဖက်လှဲတကင်းနေခဲ့တာမျိုးရှိပေမယ့်
ဒီလိုထူးဆန်းတဲ့ခံစားချက်မျိုး
Mina မှာရှိမနေခဲ့ဖူးပါ

* ဘယ်လိုဖြစ်နေတာ ရပ်ပါတော့ *

စိတ်ထဲကနေ သတိပေးလိုက်ရင်း
Mina ပါးပြင်ပန်းရောင်သန်းနေမည်ဆိုတာလည်း
သိလိုက်သည်

သူသတိမထားမိအောင် မျက်နှာလွဲလိုက်၏

" လူတစ်ကိုယ်လုံးနဲ့ဖိထားမှတော့ တွန်းရမှာပဲ "

" ဘာ အဲဒါက မတော်တဆဖြစ်တာလေ "

Mina ရဲ့အကြောင်းပြချက်ကိုသူက
လေသံဖျော့ဖျော့နဲ့တုန့်ပြန်၏

" ဖိရုံတင်မကဘူး
မင်းရဲ့နှုတ်ခမ်းကပုခုံးကိုလာထိတာကို "

Kind But Not SoftWhere stories live. Discover now