Part 24

631 75 15
                                    

Mina's POV

Mina ကိုလမ်းခွဲစကားပြောပြီး
ထွက်သွားတဲ့သူ့ခြေလှမ်းတွေက
အားအင်မရှိသလို နှေးနေသည်

နားမလည်နိုင်တဲ့ အကြောင်းပြချက်နဲ့
သူ့ရဲ့လမ်းခွဲစကားကို လက်ခံယူဖို့
အဆင်သင့်မဖြစ်တဲ့အတွက်
Mina သူ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်သည်

" Jeongyeon ah
အရင် ပြန်နှင့်လိုက်တော့နော် "

အခြေအနေတွေ ရှုပ်ထွေးနေပြီမှန်းသိတဲ့ Jeongyeon က အလိုက်တသိပဲ ခေါင်းညိတ်ပြ၏

====

Third Person's POV

" Son Chaeyoung
အဲဒီမှာ ရပ်လိုက် "

Mina ရဲ့ခေါ်သံကို လစ်လျူရှုထားတဲ့
Chaeyoung က ခြေလှမ်းတွေမပျက်ပဲ
ဆက်၍လျှောက်နေသည်

Mina ပြေးလိုက်လာပြီး Chaeyoung ရဲ့အရှေ့မှာ
ပိတ်ရပ်လိုက်တဲ့အထိ Mina ကိုမျက်နှာချင်းမဆိုင်ခဲ့
တခြားဘက်ကိုသာ အကြည့်လွှဲထားသည်

ခံစားချက်မဲ့နေတဲ့ Chaeyoung ရဲ့မျက်နှာက
ပြောင်းလဲမှုမရှိ

ဘာစကားတစ်ခွန်းမှ မပြောတဲ့အပြင်
လှည့်၍ပင်မကြည့်တဲ့ Chaeyoung ကြောင့်
Mina အသံအနည်းငယ်မြှင့်၍ အော်လိုက်သည်

" လမ်းခွဲမယ်?
ညာမပြောပါနဲ့
မင်းပြောတာကို တို့ ယုံမယ်ထင်နေတာလား "

Chaeyoung ဒီတစ်ခါတော့
Mina မျက်နှာကိုစေ့စေ့ကြည့်သည်

" ဒါဆို အတိအကျပြောပြရမလား "

အေးစက်နေတဲ့စကားသံနဲ့ Chaeyoung တည်ငြိမ်စွာပြောတော့ Mina မျက်ဝန်းလေးတွေလှုပ်ရှားသွား၏

" ဘာ "

" သေချာနားထောင် "

Chaeyoung မျက်ဝန်းတွေက ခံစားချက်မဲ့နေသည်

" အမြဲတမ်း မျက်နှာသာရနေတဲ့ Hyung ကို
တစ်ခါလောက်ပဲဖြစ်ဖြစ် အနိုင်ရချင်ခဲ့တယ်
အဲဒါကြောင့် သူ သိပ်တန်ဖိုးထားတဲ့ ခင်ဗျားကို
ရအောင် တွဲဖို့ဆုံးဖြတ်ခဲ့တာ "

အလိမ်အညာတွေလို့ နားလည်နေရင်းနဲ့ပဲ
Mina နှလုံးသားကနာကျင်မှုကိုခံစားလာရသည်

" ငါလိုချင်တဲ့အခြေအနေရောက်ပြီဆိုတော့
ဆက်ပြီးတွဲဖို့မလိုတော့ဘူး
အဲဒါကြောင့်
လမ်းခွဲကြရအောင် "

Kind But Not SoftWhere stories live. Discover now