Part 20

841 95 13
                                    

တို့အတွက်
အနာဂတ်တွေ
အတိတ်တွေထက်
လက်ရှိအချိန်ကပိုပြီးတန်ဖိုးရှိတယ်
Son Chaeyoung

အခုလည်း
မင်းကိုချစ်နေရတဲ့
မင်းရဲ့အချစ်တွေကိုပိုင်ဆိုင်ရတဲ့
ဒီလက်ရှိအချိန်တွေက
တို့အတွက်တော့မလုံလောက်နိုင်ဘူးလို့ထင်မိတယ်

အဲဒီလိုမျိုး
တို့ဆိုတာ မင်းနဲ့ပြည့်နှက်နေပြီ Son Chaeyoung

====

Mina's POV

သူပြန်သွားမှာမလိုလားတဲ့အတွက်

မေးမိမေးရာ မေးလိုက်မိတာက
" ခေါက်ဆွဲစားသွားမလား? " ဆိုတဲ့မေးခွန်း

ဘယ်လိုဖြစ်ပြီးမေးလိုက်မိမှန်းမသိပေမယ့်
" ခေါက်ဆွဲ " နဲ့ပတ်သက်တဲ့တခြားအဓိပ္ပါယ်ကိုချက်ချင်းသတိရသွားမိတော့ Mina ရှက်စိတ်ကြောင့်ပူထူသွား၏

" ခေါက်ဆွဲ? "

အမေးနဲ့သာ တုန့်ပြန်လိုက်တဲ့သူ့မျက်နှာကပုံမှန်ဖြစ်ပြီး
Mina တွေးမိသွားတဲ့ အဓိပ္ပါယ်မျိုးကို
သူကတော့တွေးမိပုံမရှိခဲ့

" အ..အင်း
တို့နဲ့အတူတူစားသွားမလားလို့? ခေါက်ဆွဲပြုတ် "

" ကောင်းသားပဲ "

ပါးချိုင့်နက်နက်ကလေးပေါ်သည်အထိပြုံးလိုက်ရင်း
သူပြော၏

* တော်သေးတယ် *

စိတ်ထဲမှာပဲ Mina ကျိတ်ပြောလိုက်မိသည်

>>>>

တကယ်တော့
ပြဿနာကအခုမှစတယ်ဆိုတာ
ဗီဒိုထဲမှာအလွတ်သာရှိနေတဲ့ခေါက်ဆွဲထုပ်ဘူးက
သိသာစေ၏

" Sorry "

တောင်းပန်စကားပြောလိုက်ပြီးနောက်
ဧည့်ခန်းကဆိုဖာမှာထိုင်နေတဲ့သူရှိရာဆီလှမ်းခဲ့ချိန်
သူက နားမလည်တဲ့ဟန်နဲ့မေးလေသည်

" ဘာဖြစ်လို့လဲ? "

သူနဲ့တစောင်းအနေအထားမှာရှိတဲ့
ဆိုဖာရှေ့မှာရပ်လိုက်ပြီးမှ Mina မဝံ့မရဲပြန်ဖြေလိုက်၏

" ဟို.. ခေါက်ဆွဲထုပ်ကုန်နေတယ် "

" Ah~ ဟုတ်လား "

ခေါက်ဆွဲမရှိတာမသိပဲ ပြောမိပြောရာပြောခဲ့တဲ့ Mina အကျပ်ရိုက်နေပေမယ့် သူကတော့ဘာမှတွေးမိပုံမရှိ

Kind But Not SoftWhere stories live. Discover now