Part 26

747 62 22
                                    

ထူးဆန်းတဲ့အရာလား

နိုးထပြီးချက်ချင်း သူမကိုသတိရမိတာ

ပုံမှန်ပဲလား

သတိရရချင်း သူမကိုတွေ့ချင်မိတာ

Son Chaeyoung ရဲ့အချိန်တွေအားလုံးက
Myoui Mina နဲ့ပြည့်နှက်နေတယ်ဆိုတာ
နားလည်လိုက်တော့
နှုတ်ခမ်းထောင့်လေးကွေးသွားရုံ ဖွဖွပြုံးမိသည်

အချစ်စစ်နဲ့တွေ့တဲ့အခါ
လူတွေကပြောင်းလဲတတ်တယ်လို့ ပြောကြတယ်

မဟုတ်ဘူး

တစ်စုံတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ
ကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုနားလည်လာတာ

အတားအဆီးတွေ ဖုံးကွယ်မှုတွေမရှိတော့တဲ့
ကိုယ်ရဲ့အစစ်အမှန်ကို သိလာရတာ

====

Third Person's POV

အိမ်တံခါးရဲ့ bell သံမြည်လာတော့ Chaeyoung ဖြေးဖြေးလျှောက်သွားပြီး ကြည့်လိုက်၏
screen မှတဆင့် မြင်လိုက်ရတဲ့သူကြောင့်
Chaeyoung အံ့အားသင့်သွားရသည်

* Somi *

တံခါးကိုဖွင့်ဖွင့်ချင်း မယုံနိုင်မှုကြောင့်မေးမိသည်
ညနက်ပိုင်းရောက်လာပြီဖြစ်တာကြောင့်ပို၍အံ့သြမိသည်

" ပြန်သွားတာကြာပြီလားလို့ "

" နင့်ကို စိတ်မချလို့ ပြန်လာခဲ့တာ "

စွတ်ပြုတ်လို့ခန့်မှန်းရတဲ့ လက်ထဲမှာပါလာတဲ့အိတ်ကိုမြှောက်ပြရင်း Somi ပြောလေသည်

Chaeyoung ဘာမှမတုန့်ပြန်နိုင်သေးခင်
Somi က အိမ်ထဲကိုဝင်ရောက်လာပြီး
Chaeyoung ကိုအသာလေးဆွဲခေါ်လိုက်သည်

" အရက်တွေအများကြီးသောက်ထားတဲ့သူဆိုတော့
အနည်းဆုံး ဒါလေးတော့ ဝင်အောင်စားပေး  "

Chaeyoung ဘာမှ ပြန်မပြောဖြစ်
အရမ်းကိုနီးစပ်လွန်းတဲ့အပြုအမူနဲ့
အရမ်းကိုနူးညံ့လွန်းတဲ့အသံကြောင့်
အံ့အားသင့်နေမိသည်

Somi ကတော့ ဘာမှမထူးဆန်းသလိုတည်ငြိမ်စွာပင် Chaeyoung နဲ့အတူတူ စားပွဲရှိရာသို့လှမ်းခဲ့သည်

" ဒါပေမယ့် ညဥ့်နက်တော့,,,, "

" စိတ်မပူပါနဲ့ ခဏနေပြန်မှာ
ငါ့အိမ်က လာကြိုမှာပါ "

You've reached the end of published parts.

⏰ Last updated: Mar 12, 2023 ⏰

Add this story to your Library to get notified about new parts!

Kind But Not SoftWhere stories live. Discover now