Ep.19

3K 277 91
                                        

Unicode

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.19

အဆိပ်တက်ပြီး သတ်ိမလည်နိုင်သေးပဲ လဲလျောင်းနေတဲ့ဘုရင်ကြီးဘေး မိဖုရားကြီးက ပူပန်မှုတို့ အတိုင်းသားနှင့် စောင့်ကြည့်နေတယ်။  ပါးပေါ်လိမ့်ကျလာတဲ့ မျက်ရည်စတို့ခိုးသုတ်ရင်း ရှောင်ကျန့်ရောက်နေတာသိသွားတယ်။

"သားတော် ဝမ်လေးနေကောင်းရဲ့လား ခမည်းတော်ဒီလိုဖြစ်နေတာလာမကြည့်လို့
ဝမ်လေးက ဆေးပညာလည်းနားလည်တယ်လေ သူရှိတော့ မယ်မယ်အားရှိတာပေါ့''

"နန်းတွင်းသမားတော်ကြီးနဲ့ နတ်နန်းသခင်မကြီးရှိတာပဲ မယ်မယ် သူနေမကောင်းလို့ပါ''

ပဝမ်...မင်းကို သားအရင်းတမျှချစ်တဲ့မယ်မယ့်ကို ကိုယ်ဘယ်လိုပြောရပါ့။မယ်မယ်သားအရင်းလို သဘောထားတဲ့သူက ခမည်းတော်ကိုလုပ်ကြံလိုက်တာပါလို့ ကိုယ်ပြောမထွက်ဘူး ။
မယ်မယ်ရင်ကွဲလိမ့်မယ် ကိုယ်တစ်ယောက်ပဲရင်ကွဲရရင်လုံလောက်ရဲ့ မဟုတ်လား။အကျယ်ကျယ်ဖြစ်သွားတဲ့အခါ စစ်မေးကြလိမ့်မယ် ဒီဒဏ်တွေလည်း မင်းခံနိုင်မယ်မထင်ဘူး ကိုယ်မင်းကိုဘယ်မှာဖွက်ထားရပါ့။

®©

အိမ်ရှေ့စံအဆောင်ရှေ့က ကျောက်သားစားပွဲဝိုင်းလေးမှာ ထိုင်နေသူတစ်ယောက်ရှိတယ်။ညနေခင်းလေပြေထဲက လေရူးတသုတ် တစ်ချက်ဝေ့ဝဲလိုက်တဲ့အခါ အိမ်ရှေ့စံရဲ့ ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်တွေဟာ ရှုပ်ယှက်ခပ်ကုန်တယ်။စိတ်မချမ်းမြေ့မှုကြောင့် သေရည်သမားပုံစံလုံးလုံးပေါက်နေပေမယ့် မည်သူမျှ မပြောရဲကြ။

သူစိုက်ကြည့်နေတဲ့ ကျောက်သားစားပွဲပေါ်
အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းခွက်တွေအစီအရီရောက်လာတယ် ပြီးတော့ ဝတ်ရုံလက်ဖျားလေး အသာသိမ်းလို့ ပြာလဲ့လဲ့မျက်ဝန်းတစ်စုံနဲ့ မော့ကြည့်ရင်း သေရည်ကွက်လေးကမ်းပေးနေတဲ့သူ။

"ဝမ်...''

သူမပါးပေါ် နူးနူးညံ့ညံ့လေး လာထိတွေ့ပေမယ့် ထွက်လာတဲ့အသံက ဝမ်တဲ့။ဒါဘယ်လိုစော်ကားမှုမျိုးလဲ။ဒါဟာသည်းခံနိုင်စွမ်းကို ကျော်လွန်စေတယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Where stories live. Discover now