Unicode
Caught up
Ep.28မိုးသက်လေပြင်းတွေကြား တရိပ်ရိပ်ပြေးနေတဲ့ ဆိုင်ကယ်လေး။ လမ်းပေါ်မှာလည်း ယဥ်အသွားလာတွေရှင်းလို့ ဆိုင်ကယ်မီးရောင်ရှေ့ မိုးသည်းတွေက တဖြောဖြော။
ကျောင်းဝင်းတံခါးရှေ့ရောက်တော့ ခုံတန်းလေးကိုမြင်နိုင်တဲ့နေရာထိ ဆိုင်ကယ်ကို မီးထိုးထားပြီး တံခါးကို ကျော်တက်ခဲ့လိုက်တယ်။မိုးရေစက်တွေက ရင်ထဲမအေးဘူးထင် သူရင်ပူနေသလိုပဲ။မျက်နှာပေါ် လာစင်နေတဲ့မိုးစက်တွေကို အခါခါသပ်ချရင်း ပြေးလာမိတော့ ခုံတန်းလေးမှာ စောင့်နေသူက နတ္ထိ။
ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့စိတ်နဲ့ အော်ဟစ်ပစ်လိုက်တယ်။"ဘဲကြီးးးး''
သူ့အသံက မိုးရေထဲမှာပဲ ပျောက်ကွယ်သွားတယ်။ မသိစိတ်က ဘယ်လိုမှလက်မခံနိုင်တာမို့ အတန်းရှေ့ပြေးထွက်မိတော့ အခန်းတံခါးတွေကို လိုက်ပြီးထုရိုက်အော်ဟစ်နေသူကို တွေ့လ်ိုက်ရတယ်။
တစ်ခန်းပြီးတစ်ခန်း ထုရိုက်လိုက် မှန်ပေါက်ကနေချောင်းကြည့် အော်ဟစ်လိုက်နဲ့ ထိုလူပုံစံက သားပျောက်နေတဲ့ မိခင်ကြီးအလား။သူကပိုပြီးပူပန်နေဟန်။"ဟေ့လူကြီး ''
ကော်ရစ်ဒါကမိုးလုံတာမို့ သူ့အသံကိုကောင်းစွာကြားနိုင်ပြီး ချာကနဲလှည့်ကြည့်လာသူ။
"ဝမ် ''
လေရဲ့အလျင်မျိုးနဲ့ အနားရောက်လာပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာတယ်။တင်းကြပ်လွန်းလို့ အသားတွေပဲ့ထွက်တော့မည့်အလား သိုပေမယ့် သူကနည်းနည်းလေးတောင် မရုန်းဖယ်မိ။
"ဘယ်ရောက်နေတာလဲ စိတ်ပူနေတာ ပြန်လာမယ်ဆို စောင့်နေဆို တခုခုဖြစ်သေးလား စိုရွှဲနေပြီ ''
"ခင်ဗျားလည်း တူတူပဲဟာ ကြွက်စုတ်ဖြစ်နေပြီကို.....ပြန်လာမယ်ပြောတိုင်း ဒီတိုင်းထိစောင့်စရာလား ကိုယ့်အိမ်ကိုပြန်ပါ့လား''
နှလုံးသားကို ကိုင်လှုပ်မယ့် စကားတစ်ခွန်း မိုးတွေလေတွေကြား ကြားအပြီးမှာတော့ လာပြန်မယ်ဆိုပြီး လက်ဆွဲထွက်လာမိပြီ။
ဝမ်က ကိုယ့်အိမ်ပဲလေ.... တဲ့။
VOUS LISEZ
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။