Unicode
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.20"မုလုံ ဆေးတော်ကြီးထားတဲ့အခန်းရောက်သေးလား ခုပျောက်နေတယ်''
"အာ...ပါးကလည်း မရောက်ပါဘူး တခါပဲပြ ဖူးတာလေ မှတ်မိပါ့မလား''
"သေချာလား ဘာလို့လဲဆို သမီးနားဋောင်းအဲဒီမှာတွေ့လို့လေ.... မင်းမူမမှန်တာသတိထားမိတာကြာပြီ တယောက်ယောက်ကို ပြောပြမှဖြစ်တော့မယ်ထင်တယ်''
"ဟုတ်လားပါး ဘယ်သူ့ကိုပြောပြမှာလဲ အရှင်မင်းကြီးလား အိမ်ရှေ့စံလား''
ရုတ်ချည်းခက်ထန်သွားတဲ့ မျက်နှာနဲ့
စကားတလုံးချင်းအေးဆေးပြောရင်း တဖြေးဖြေးရှေ့တိုးလာတဲ့မုလုံ။
.
.
.အရာအားလုံးဟာ အချိန်ကိုက်ဖြစ်ပျက်တတ်ပါသလား။တစုံတယောက်လာနေတဲ့ အမတ်ကြီးအိမ်တော်ဟာ နာရေးအိမ်ဖြစ်နေခဲ့ပြီ။မနေ့တနေ့ကမှ အကောင်းကြီး
ရှိခဲ့တဲ့ အမတ်ကြီးဟာ အသက်နဲ့ခန္တာစွန့်ခွာလို့ လဲလျောင်းနေခဲ့ပြီ။ဓားရှည်ကြီးဒရွတ်တိုက်ဆွဲလာတဲ့ ရှောင်ကျန့်ကိုမြင်တော့ အမတ်ကြီးအိမ်ထဲကနေ ပြေးထွက်လာခဲ့တဲ့ ကျန်းချန် ။အမတ်ကြီးအိမ်က ဇာပနအခန်းနားကိုလည်း ရှောင်ကျန့်ကမြင်ဟန်မတူ။
ကျန်းချန်နဲ့ရပ်စကားပြောနေရင်းလည်း အိမ်ထဲသို့သာ မမှိတ်မသုန်စိုက်ကြည့်နေတယ်။
သူမြင်လိုတဲ့ အရိပ်လေးဟာ အရင်လို ကျန့်...ဆိုပြီးအော်ခေါ်ပြေးထွက်လာပါက မတွေးရဲစရာပင်။ရှောင်ကျန့်ဘာလုပ်လုပ်အမြဲသိနေခဲ့တဲ့သူမက ခုတော့အိမ်ရှေ့ရောက်နေတာတောင် မသိနိုင်တော့ဘူးတဲ့။"ငါပြောတာနားလည်လား.ရှောင်ကျန့် ပြဿနာဖြေရှင်းချင် နောက်မှရှင်းပါလားကွာ ခုလိုအချိန်ကြီးရှင်းရင် မင်းအတွက်လည်းမကောင်းဘူးလေ မင်းကအိမ်ရှေ့စံဆိုတာလည်း မမေ့နဲ့ဦး...တကယ်လို့သူမကိုအပစ်ပေးမယ်ဆိုရင်တောင် သူလုပ်ခဲ့တာပုဒ်မတပ်မရတဲ့ ပစ်မှုတွေ''
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။