Caught up
Ep.30အခန်းရဲ့လေထုဟာ အတော့်ကိုသိပ်သည်းနေပြီး ဖိအားများရဲ့ဒဏ်ကို ခံစားနေရဟန်။လေထုအပူချိန်တွေလည်းမြင့်တက်လို့ အိုက်စပ်စပ်ခံစားနေရပြီး ပူလာသယောင်။အခန်းတွင်းရှိလူနှစ်ယောက်ရဲ့ အခြေနေကလည်းထိုနည်းမျှသာ။
နောက်မှ ကောင်ငယ်လေးက အရဲစွန့်လို့စကားဆိုလာလေတယ်။"အရှင် ရိပေါ်ရဲ့ဒီဘဝမှာ ကိုကိုကြီးရှိတာ သိတယ်မဟုတ်လား...မျက်မမြင်က်ိုကိုကြီးကိုထားပြီး ရိပေါ်ဘယ်လိုလိုက်နိုင်ပါ့မလဲ''
"မဟုတ်မှ ဝမ် ဒီဘဝကလူတွေကို တွယ်တာနေလို့ မဟုတ်လား''
"ပြောရခက်လိုက်တာအရှင်ရယ် ရိပေါ်စိတ်နဲ့ ဒါမျိူးမလုပ်နိုင်တာသိသားနဲ့''
"ဝမ် ....ကိုယ့်ကြောင့်တစ်ခါသေခဲ့ပြီးပြီ ထပ်ပြီးကိုယ့်အတ္တကြောင့် အတင်းခေါ်ဖို့ မသင့်တော့ဘူးဆိုတာ သိပါတယ်.....''
ဝမ်ငယ်လက်ဖျားလေးတွေက သူ့နှုတ်ခမ်းပေါ်ရောက်လာပြီး နှုတ်ဆိတ်စေတယ်။
"မလိုက်ချင်လို့ မဟုတ်ပါဘူး အရှင်ကအဆိပ်ခွက်ဆိုရင်တောင် ရဲရဲကြီးမျိုချရဲပါတယ်''
"လိုက်သွားလိုက်ပါ ညီ''
ဟင်
အခန်းဝမှာဘယ်ချိန်က လာရပ်နေမှန်းမသိတဲ့ ကိုက်ိုကြီးကို အလန့်တကြားလှည့်ကြည့်လိုက်မိတယ်။"ကိုကိုကြီး''
"ဘယ်....ဘယ်တည်းက ဘယ်ချိန်တည်းက''
ရှောင်ကျန့်ကို ခိုးဝှက်ထားတာကို ဗြုန်းကနဲသူ့အကိုကြီး သိသွားလို့ထိတ်လန့်အံ့သြနေတုန်း။
"ကိုကိုကြီးသိပါတယ်....သူစရောက်လာတဲ့နေ့တည်းကသိတယ်....သူဟာလူကောင်းတစ်ယောက် ညီ့ကိုကာကွယ်ပေးနိုင်မယ့်သူတစ်ယောက်လို့ ခံစားနားလည်းနိုင်တာမို့ မသိချင်ယောင်ဆောင်နေခဲ့တာ....ခုတော့ သူ့ကျေးဇူးနဲ့ မနက်ဖြန်ပဲပတ်တီးဖြေရတော့မယ် မျက်လုံးပြန်ကောင်းသွားတဲ့အခါ လူကောင်းပကတိဖြစ်ပြီလေ ညီကဘာကိုနောက်ဆံတင်းနေချင်သေးတာလဲ ''
ရိပေါ်က မျက်လုံးလေးအရောင်လက်လာပြီး ခနအကြာခေါင်းလေးပြန်ငုံ့လို့ တိုးလျလျအသံလေးထွက်လာတယ်။
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။