Unicode
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.4
ငါအခုမောင်းထုတ်ခံလိုက်ရတာလား။
ငါကိုယ်တော်လို အိမ်ရှေ့စံကို မောင်းထုတ်ဝံ့တယ်။သူ့ကိုအပစ်တင်ဖို့သွားတာလေ မတော်တဆထိမိတာကို စိုးရိမ်လို့ ကြည့်ပေးချင်တာ လက်ကိုရိုက်ချဝံ့တယ်။ငါကိုယ်တော် တကယ်မတော်တဆပါ ဒါကို
အေးစက်စက် ကြောက်စရာမျက်နှာထားနဲ့ မောင်းထုတ်ရဲတယ်။
"ဘယ်လိုဖြစ်လာတာလဲ အိမ်ရှေ့စံ လမ်းပေါ်မှာတွေ့ကရာ ခြေထောက်နဲ့ကန်လို့ ရာဇအိန္ဒြေပျက်လောက်အောင် ဘာတွေများဒီလောက်တောင် ဒေါသဖြစ်လာတာလဲ''
အသံလာရာမော့ကြည့်မိတော့ ဆံနွယ်တွေကိုနောက်မှာစုစည်းထားပြီး လေမှာတလူလူလွင့်ဝဲနေတဲ့ ခရမ်းရောင် ဝတ်ရုံနဲ့လူတစ်ယောက်ကပြုံးလျက်ကြည့်နေတယ်။
"ကျန်းချန် မင်းပြန်လာပြီလား''
"အမဲလိုက်ပွဲကနီးပြီဆိုတော့ ပြန်လာရတာပေါ့ ''
"မင်းပြန်လာတာသိရင် မုလုံဝမ်းသာရှာမှာ သူငယ်ချင်းသုံးယောက်ဆုံရအောင်''
"နေစမ်းပါဦး မုလုံနဲ့ကနောက်မှဆုံမယ် မင်းသားဝမ်နဲ့တွေ့ချင်တယ် သူပေးလိုက်တဲ့ဆေးတွေက တကယ်အစွမ်းထက်တာ ရှေ့တန်း စစ်မျက်နှာက ငါ့စစ်သားတွေသူ့ဆေးနဲ့အသက်ဆက်နေရတာ ကျေးဇူးတင်စကားပြောချင်တယ် ညနေတွေ့မယ် ဆုံအောင်လုပ်ပေး ဒါပဲ''
နှစ်ယောက်ထဲရှိတယ်ဆိုပြီး အမိန့်ကပေးသွားသေးတယ် ဘယ်သူကမင်းသားလဲ မသိတော့ဘူး။ငါ့ကိုဒုက္ခနဲ့လှလှပေးတွေ့တာပဲ ခုပဲစိတ်ဆိုးနေတဲ့မင်းသားကို ဘယ်လိုပြောရပါ့။
-
-
အငွေ့တထောင်းထောင်းထနေတဲ့ စားဖွယ်သောက်ဖွယ်တွေက စားပွဲအပြည့်။
ခပ်တည်တည်နဲ့ တည်ခင်းဧည့်ခံနေသူက စိတ်ဆိုးနေတဲ့သူ့ရဲ့ ပဝမ်။ကျေးဇူးတင်ကြောင်းပြောချင်တာက ကျန်းချန် ပြန်ပြီးပြုစုနေရတာကသူတို့ ...ဖြစ်သင့်လားလေ။
မီးဖိုသေးသေးလေးနဲ့ ပွက်ပွက်ထနေတဲ့အရည်တွေပါတဲ့ဟင်းက ဘာပါလိမ့် မြင်ရသူကိုသရေယိုစေတယ်။ပန်းကန်အသေးလေးတွေနဲ့ခပ်ပြီး သူနဲ့ကျန်းချန်ရှေ့ လာချပေးတယ်။
ВЫ ЧИТАЕТЕ
Close My Eyes (or) အဆိပ်ရှိအချစ်
Фанфикшнအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။
