Ep.26

2.6K 246 55
                                        

Unicode

Caught upEp

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Caught up
Ep.26

ဒီအပိုင်းကစ ဒီဘက်ခေတ်ကအပိုင်းလေးကို Caught up လို့ပေးထားပါတယ်နော် အိမ်ရှေ့စံအရှင်မင်းသား.  ပဝမ်လေးကိုဖမ်းမိပါစေ....
.
.

"အရှင့်သား အဆင်သင့်ဖြစ်ပါပြီလား ''

ရှောင်ကျန့်ခေါင်းညိတ်ပြတော့ နန်းသခင်မက နတ်နန်းရဲ့အရှေ့အနည်းငယ်လျှောက်သွားခဲ့ပြီး တစုံတခုကိုညွှန်ပြလာတယ်။

ဆပ်ပြာပူပေါင်းလို အရည်လဲ့ပြီးရွဲတဲတဲ လည်နေတဲ့ အဝန်းဝိုင်းကြီးတစ်ခုက အနားသပ်မှာလဲ မီးပွားမီးစတွေစင်နေသလို တဖျစ်ဖျစ် တောက်လောင်လျက် ချာလည်လှည့်နေတယ် ။အထဲကတော့ လေဟာနယ်တစ်ခုလို တမျိုးကြည့်ကောင်းနေတာမို့ အကြောင်သား ငေးနေမိတယ်။

"အရှင့်သား ဝင်သွားလိုက်ပါ အပြန်တွက်မှာထားတာတွေ မမေ့ပါနဲ့ ကံကောင်းပါစေ ''

ရှောင်ကျန့်က ဘာမှမပြောပဲ အနီးကပ်တိုးကြည့်လိုက်ပေမယ့် အထဲကဘာကိုမှ မမြင်နိုင်။လက်တစ်ဖက်အသာထုတ်လို့ အဝန်းဝိုင်းအလယ် အသာဆန့်တန်းမိတော့ သူ့လက်သူတောင်ပြန်မမြင်နိုင်။

"သခင်မ ''

"ဟုတ်ပါတယ် လက်ကအနာဂတ်ထဲကျွံဝင်သွားတာပါ ''

"ဒါဆိုအားလုံးပဲ သွားတော့မယ် ကျန်းချန် ခမည်းတော်နဲ့မယ်တော်ကို ငါ့အစား စောင့်ရှောက်ပေးပါကွာ ''

"စိတ်ချစမ်းပါ မင်းသာဂရုစိုက် ဟိုမှာဘာမှထိခိုက်မလာပဲ မင်းသားဝမ်ကိုပြန်ခေါ်လာခဲ့ ''

ခေါင်းညိတ်ပြုံးပြလိုက်ပြီး အားလုံးကိုတစ်ချက်ဝေ့ကြည့်လို့ ထွက်ခွာရန်ပြင်လိုက်တယ်။ဒီဘာမှန်းမသိတာကြီးထဲ ဝင်ရမှာ သူမကြောက်ဘူးလား မေးရင် ကြောက်ပါတယ် ဒါပေမယ့် အဲဒီမှာဝမ်ငယ်ရှိနေတယ်လို့ တွေးလိုက်ရင် အလိုလိုခွန်အားရှိလာတာမျိုး။စိတ်ကိုတင်းလို့ အထဲကိုလုံးလုံးခုန်ဝင်လိုက်တော့တယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Donde viven las historias. Descúbrelo ahora