Uni
Ep.34
မိဖုရားဟေအန်းက ကြင်ယာတော်ဝမ်အဆောင်ကိုရောက်လာတယ်။ရောက်ရောက်ခြင်းပဲ။
"ကြင်ယာတော်ကို လက်ဆောင်လေးပေးချင်လို့ပါ ဒါလေး''
စားပေါ်ဒီအတိုင်းတင်လိုက်တဲ့ ဆံထိုးလေးကို ကြင်ယာတော်ဝမ်က ကောက်ယူကြည့်တယ်။
မျက်လုံးလေးက ကျေနပ်သွားဟန်။"ဆံထိုးလေးပဲ ကျောက်ကလေးတွေဝန်ရံထားပုံက
တော်လှတယ် တန်ဖိုးလည်းအတော်ကြီးမယ့်ပုံပဲ''"ဟုတ်ပါတယ် တန်ဖိုးဘယ်လောက်ကြီးလဲဆိုရင် ....အာ....ကြင်ယာတော်ပြောမှသတိရတယ်...အရမ်းတန်ဖိုးကြီးလို့ ခုပေးလို့မဖြစ်သေးဘူးရယ်...တခြားလက်ဆောင်ပေးပါ့မယ် ပြန်ဦးမယ်နော်''
"ဘယ်လိုမိစ္ဆာမကြီးလဲမသိဘူး ပေးပြီးမှပြန်ယူသွားတယ် ငါ့ကိုလာကစားနေတာလား''
တံခါးအပြင်ရောက်စဟေအန်းက တံခါးနောက်ကွယ်မှာ သူ့ကိုကျိန်ဆဲနေတာကြားတော့ နှုတ်ခမ်းတစ်ဖက်ကတွန့်ချိုးမိလျက်သား။
"သူကဆံထိုးကို မမှတ်မိဘူးပဲ... ကောင်းပြီလေ ဘယ်သူကမိစ္ဆာလည်း ငါတို့မျက်နှာဖုံးချွတ်ကြည့်ကြမလား''
"လာကြစမ်း......စစ်သူကြီးချိန်ကိုခေါ်ခဲ့ လူအင်အားကြ်ိုက်သလောက်ယူပြီး လူရှာလာခဲ့ မတွေ့ဘူးဆိုတာမကြားချင်ဘူး''
"မှန်ပါမယ်မယ်''
.
.
.
နေ့မှန်းညမှန်းမသိတဲ့နေရာမှာ ရိပေါ်ရောက်နေတာဘယ်နှစ်ရက်မှန်းမသိတော့။
နေ့တိုင်းသူ့ဆံပင်တစ်ချောင်းတစ်ချောင်း လာယူနေကြမို့သာ တနေ့ကူးပြီမှန်းခန့်မှန်းလို့ ရနေတာ။
သူပျောက်နေတာအရှင်မှ သိပါလေစ။အရှင်သိရင်သေချာပေါက်လိုက်ရှာမှာဆိုပေမယ့် ဒီနန်းတွင်းမှာ အရှင့်မှာဘာအင်အားမှမရှိ၊ သူပေးတဲ့ဆံထိုးကလည်း သူ့လက်ထဲပြန်ရောက်ချိန်မှာပဲ ကျပျောက်နေခဲ့ပြီးပြီ။သူ့မှာမျှော်လင့်စရာဆိုလို့ မိဖုရားခေါင်တစ်ယောက်သာရှိတယ်။အဟက်....ငါကဒီနိုင်ငံရဲ့အာဏာအရှိဆုံးလူကိုမေ့နေတာပဲ။သူ့ကိုအရမ်းမြတ်နိုးပါတဲ့ဆိုတဲ့ ဟန်ဘုရင်ကရော....
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။