Unicode
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.9
ဘဝမှာအသဲအသန်လိုအပ်တယ်လို့
ထင်တဲ့အရာတွေက
မလိုအပ်တော့တဲ့အခါ......
မလိုအပ်ဖူးထင်တဲ့အရာတွေက
အရေးပါနေတတ်ပြန်တယ်....
ဘာအမှားမှမလုပ်ခဲ့ပါဘူး
လှည့်စားတတ်တဲ့ ကံကြမ္မာရဲ့သားကောင်
ဖြစ်ခဲ့ရုံသက်သက်ပါ....
Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
..........................................
ပဝမ် သို့မဟုတ် ယောက္ခမနိုင်ငံတော်
......
နိုင်ငံတွေထဲမှာ ရှောင်းရန်ကအင်အားကြီးဆုံးနိုင်ငံဆိုရင် ပဝမ်ကချမ်းသာကြွယ်ဝဆုံးနိုင်ငံဖြစ်လိမ့်မယ်။နိုင်ငံအဝှမ်းလည်းစည်ပင်သာယာဝပြောသလို နန်းမြို့တော်ထဲဝင်လာချိန်မှာလည်း အိမ်တော်တွေတင်မက လမ်းတွေကအစ ခမ်းနားကြီးကျယ်ခြင်းကို ဖော်ပြနေတယ်။
အိမ်တော်တွေရှေ့မှာ တန်ဖိုးကြီးဆေးဖက်
ဝင်အပင်တွေကိုတွေ့နိုင်တာဟာ မင်းအစီမံလေလားပဝမ်။ထုထည်ကြီးမားတဲ့အဆောက်ဦးတွေ ခမ်းနားကြီးကျယ်တဲ့ဘုံကျောင်းတွေကိုငေးမောရင်း။
ဒီမြင့်မားတဲ့အုတ်တံတိုင်းကြီးရဲ့ အနောက်မှာ ခမ်းနားတဲ့နန်းတော်ကြီးရှိလိမ့်မယ်။အဲဒီနန်းတော်ကြီးထဲမှာ သူသိပ်တွေ့ချင်နေတဲ့ ဝမ်ငယ်နေထိုင်တယ်။
အားနာမိတယ်ဝမ်ငယ် ဒီလိုနေရာကိုပစ်လို့ ကိုယ်တော်ဌာနေ ဥပေက္ခာရင်ခွင်မှာ မင်းဘယ်ပျော်ပါ့မလဲ။
ရှည်လျားကျယ်ဝန်းတဲ့လမ်းကိုဖြတ် အထစ်ပေါင်းများစွာရှိတဲ့ လှေကားထစ်တွေကိုနင်းလျှောက်ပြီးမှ ပင်မနန်းဆောင်ကြီးကိုရောက်တယ် ။အမောပြေမင်းမျက်နှာလေး မော်ဖူးခွင့်ပေးပါဝမ်ငယ်။
BẠN ĐANG ĐỌC
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။
