Ep.37

2K 169 30
                                        

Uni

နှစ်ယောက်သားခြေအစုံက မြေပေါ်ရပ်မိတာနဲ့ မျက်လုံးချင်းဆုံအတည်ပြုလို့ ဘေးဘီဝဲယာအမြန်ကြည့်မိရတယ် နတ်နန်းရှေ့ရောက်နေတာ သေချာမှသက်ပြင်းချနိုင်ကြတယ်။
ပတ်ဝန်းကျင်အခြေနေက အလာတုန်းကအခြေနေနဲ့ကွဲပြားစွာ များစွာပြောင်းလဲလို့။
ကြာမျိုးငါးပါးနဲ့တင့်တယ်လှပခဲ့တဲ့ ကြာကန်ကြီးက ခြောက်သွေ့လို့။
ကြာပင်ကြာရွက်တို့ဝေးလို့ ရေတောင်တစ်စက်မရှိ။
အရင်က နန်းသခင်မများနဲ့ စည်းကားခဲ့တဲ့ နတ်နန်းကြီးကလည်း.တိတ်ဆိတ်ခြောက်ကပ်လို့။

"အရှင် မူမမှန်ဘူး ''

"ဟုတ်တယ် ဝမ် တစ်ခုခုဖြစ်နေပြီ နတ်နန်းက လူမနေတာကြာနေတဲ့ပုံပဲ''

"ဘာတွေဖြစ်ကုန်ပြီလဲ ''

"အင်း...ကိုယ်တို့နတ်နန်းက စရှာကြတာပေါ့ သတိထားနော်''

နတ်နန်းတစ်ခုလုံး၊ နန်းသခင်မတွေအဆောင်၊ထမင်းစားဆောင်၊မီးဖိုခန်းမကျန် အားလုံးအနှံ့ရှာဖွေအပြီး.မှာလူမရှိတာ သေချာနေတော့တယ်။

"အရှင် လူမနေတာကြာပြီ တစ်ခုခုဖြစ်ခဲ့ပုံပဲ အပျက်အစီးအပြိုလဲတွေနဲ့ နန်းသခင်မတွေ ဘာဖြစ်ကုန်ပြီလဲ ''

"နိမိတ်မကောင်းသလိုခံစားရတယ် ကိုယ့်စိတ်ထဲ ခမည်းတော်မယ်တော်တို့ကို စိုးရိမ်ပူပန်မိတယ်''

"တစ်ခုရှိသေးတယ် ရိပေါ်သတိရပြီ လာ နောက်ကလိုက်ခဲ့''

ရိပေါ်ဦးဆောင်ခေါ်ရာ နတ်နန်းအနောက်ဘက်ယွန်းယွန်းကို လျှောက်လာရင်း ဝါးတောကိုရောက်လာတယ်။ခြောက်သွေ့နေတဲ့ ဝါးရွက်တွေအလယ် တရှဲရှဲမြည်အောင် ဖြတ်လျှောက်လာရင်း ဘာကိုမှန်းမသိ ဝမ်းနည်းစိတ်တို့ဝင်လာတယ်။တကယ့်ကို တိတ်ဆိတ်ခြောက်သွေ့လွန်းတယ်။

"ဝမ် ဘယ်တွေသွားနေတာလဲ''

"နန်းသခင်မကြီး ဟွားကျူးလျန်က ရိပေါ်တစ်ယောက်ထဲကို အရေးကြီးတယ်ဆိုပြီး လျို့ဝှက်လမ်းတစ်ခုပြဖူးတယ် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ရှာကြည့်ချင်လို့''

"အင်း''

ဝါးတောအလွန် တောင်ပူစာငယ်တစ်ခုရှေ့မှာ ရိပေါ်ကခနရပ်တန့်အကဲခတ်ရင်း ရှေ့လှမ်းဟန်အပြင်။

Close My Eyes (or) အဆိပ်ရှိအချစ်Where stories live. Discover now