Ep.27

2.6K 246 62
                                        

Unicode

Caught up
Ep.27

ဝင်းနဲ့ခြံနဲ့ တစ်ထပ်အိမ်သေးသေးလေးက သပ်သပ်ရပ်ရပ်နဲ့ နေချင်စရာအတိပါ ။
ဝမ်ငယ်သာရှိနေရင် ဘယ်နေရာမဆို သူ့အတွက်ကနေချင်စရာတွေကြီးပါပဲ ။

အိမ်ရှေ့မှာလူတစ်ယောက်က လမ်းဘက်လှည့် ထိုင်နေပြီး အဝင်ဝကိုမျှော်နေဟန်။
အရိုင်းတုံးလေးက သူ့ဘက်လှည့် ရှူးကနဲ နှုတ်ခမ်းပေါ်လက်တင်နှုတ်ပိတ်သလိုလုပ်ပြပြီး အိမ်ရှေ့မှာ ထိုင်နေသူဆီပြေးသွားတယ်။

"ကိုကိုကြီး ညဘက်တွေဆို အပြင်ထွက် မစောင့်ပါနဲ့ ပြောထားတယ်လေ ''

"ညီက ဒီနေ့နောက်ကျနေသလားလို့ပါ စိတ်ပူလို့ အပြင်ထွက်မျှော်နေမိတာ အဆင်ပြေလား ဘာမှမဖြစ်ဘူး မဟုတ်လား လာပါဦးကိုကိုကြီးနား ''

အနားတိုးသွားတဲ့ အရိုင်းတုံးလေးရဲ့ပါးပေါ်နဲ့ မျက်နှာအနှံ့လိုက်လံစမ်းကြည့်နေသူ။ အော်
သူကမျက်မမြင်တစ်ယောက်ကိုး။
တစ်ကိုယ်လုံးပါ စိတ်ကြိုက်သေချာစမ်းသပ်ပြီး ကျေနပ်လောက်မှ မျက်နှာလေးဆွဲလို့ ခေါင်းပေါ်တစ်ချက်နမ်းမွှေးလိုက်တာမြင်ရတော့ စိတ်ထဲတစ်ချက်လှုပ်ရှားမိသွားတယ်။

"ခေါက်ဆွဲကြော်ပါတယ် သွားပြင်လိုက်တော့မယ် အိမ်ထဲဝင်ခဲ့နော် ''

သူ့အစ်ကို ကိုပြောပြီး သူ့ဘက်လှည့်လို့ အသာလေးအိမ်ထဲဝင်ရန် အချက်ပြလာတယ်။
ရှေ့ကဦးဆောင်ပြီး အခန်းတစ်ခုထဲဝင်သွားတော့ ရှောင်ကျန့်ပါ လိုက်ဝင်ခဲ့လိုက်တယ်။

"ဒီမှာနေခဲ့ဦး ဒါကျွန်တော့်အခန်း အေးဆေးနေလို့ရတယ် ဘာမှမစားရသေးဘူး မဟုတ်လား ခေါက်ဆွဲကြော်ထည့်ခဲ့မယ် အများကြီးပါ ကိုကိုကြီးလည်းအကုန်မစားနိုင်ပါဘူး ''

တိုးတိုး တိုးတိုးပြောပြီး အပြင်ပြန်ထွက်သွားပြန်တယ် ။ပြန်ဝင်လာပြီး ခေါက်ဆွဲပန်းကန်ထိုးပေးလာမှ သူဗိုက်ဆာနေမှန်း သိသာလာတယ်။

"အ... ''

အားရပါးရစားမိတော့ ပါးစောင်ကဒဏ်ရာကြောင့် နာကျင်ညည်းတွားမိတော့.....

"ခင်ဗျား ဒဏ်ရာရထားတာပဲ... စားစား ပြီးမှဆေးထည့်ပေးမယ်နော် ''

Close My Eyes (or) အဆိပ်ရှိအချစ်Tempat cerita menjadi hidup. Temukan sekarang