EP.29 Unicode

2K 182 26
                                        

Caught up
Ep.29

ရှေးဟောင်းပစ္စည်းနဲ့ ရတနာရောင်းဝယ်ခန်းမကို တွဲလျက်ဖွင့်ထားတဲ့ ဆိုင်းထဲဝယ် ဆိုင်ရှင်လူဝကြီးက မျက်​မှန်ထူကြီးအောက်ကနေ သူ့ရှေ့ကလူသားနှစ်ယောက်ကို အထူးဆန်းသဖွယ် ကြည့်နေခဲ့တယ်။အရပ်အမောင်းကောင်းတဲ့ ရှေးခေတ်ဝတ်စုံနဲ့ လူရွယ်ချောက ဘေးကကောင်လေးစကားတစ်ခွန်းမှာ ငိုင်ကျသွားလိုက်ပုံများ စစ်ရှုံးဘုရင်ကြီးလို။
သူလည်းဘာမှ မတတ်နိုင်တာမို့ အသာခိုးကြည့်နေရုံသာ။
..
.

စိတ်မကောင်းဖြစ်ပြီး လုံးဝငိုင်ကျသွားတဲ့ ထိုလူကြီးကိုကြည့်ပြီး သူ့လုပ်ရပ်မှားပြီးလားရယ်လို့ စိတ်မကောင်းဖြစ်မိပြီရယ်။ပထမဆုံးအကြိမ်အဖြစ် အခြားလူတစ်ယောက်ရှေ့မှာ အားနည်းမှုကိုဖွင့်လစ်ပြသမိသလိုဖြစ်သွားတယ်။

"ကျွန်တော်ငွေလိုနေလို့ပါ ''

မဝံ့မရဲစကားအဆုံး ခေါင်းငုံ့သွားတဲ့ ကောင်လေးကိုမြင်မှ အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေရတဲ့အဖြစ်ကိုတွေးမိပြီး စိတ်မကောင်းချင်းများစွာ ဖြစ်ရတယ်။
တစ်ယောက်ထဲ အင်အားနဲ့ရပ်တည်နေရတဲ့
ကောင်လေးအနားမှာ တောက်တဲ့လိုတွယ်ကပ်နေတဲ့ သူ့ကိုပါ တင်ကျွေးထားရသေးတယ် မဟုတ်ပါလား။

"ဒါဖြင့် ဒီလိုလုပ်လေ မင်းရောင်းလို့ရအောင် တခုခုအစားထိုးပေးမယ်ဆိုရင်ရော ''

"ဘာလဲ ခင်ဗျားဓားကြီးလား အသုံးမဝင်လောက်ဖူးရယ် ''.

အသုံးမဝင်ဘူးတဲလား စစ်ပွဲအလီလီနွဲခဲ့တဲ့ သူ့ရဲ့သမိုင်းဝင်ဓားကြီးကိုလေ.ရက်စက်ပြန်ပြီ ။

"နေ နေဦး ဒါဆိုရင်ရော ''

ငွေဆိုတာ မလိုအပ်တဲ့သူလိုအိမ်ရှေ့စံအတွက် ခေတ်ကိုလာရင် အသပြာဆောင် လာရကောင်းမှန်းလည်း မသိခဲ့ပါ။ဆောင်ဓားပါရင်ဖြင့် ပြည့်စုံပြီထင်ခဲ့တဲ့သူက အလွဲကြီးလွဲလျက်။

"အဲဒါက အိမ်ရှေ့စံအဆောင်ကျောက်စိမ်းပြား လက်ပတ်ထက်အများကြီးတန်ဖိုးရှိတယ် မင်းအဆင်ပြေမလား ''

ကိုယ်ပေါ်လျောက်စမ်းရင် ကံကောင်းထောက်မစွာ အတူပါလာတဲ့ကျောက်စိမ်းပြားလေး ဆွဲဖြုတ်လို့ လက်ထဲထည့်ပေးလိုက်တယ် ။ကိုယ်တော်လေးက မျက်တောင်တစ်ချက်မခတ် ဆိုင်ရှင်ဆီ ပစ်ပေးလိုက်လေ တယ်။ဆိုင်ရှင်က အသေချာစစ်ဆေးကြည့်ရှုပြီးနောက်....

Close My Eyes (or) အဆိပ်ရှိအချစ်Donde viven las historias. Descúbrelo ahora