Uni
Ep.33
ညနေခင်း နေရီအောက်မှာ ရှင်းသန့်နေတဲ့ ပုံရိပ်ဖြူလေးနဲ့အတူ ကျော့ရှင်းလှပတဲ့ မိန်းမပျိုတစ်ဦး စကားပြောရင်း အတူတကွလမ်းလျှောက်လို့။
နောက်တော်ပါး ခပ်လှမ်းလှမ်းမှာလည်း အခြွေရံတို့က ခေါင်းငုံ့ပြီး ဖြေးဖြေးလေးလိုက်ပါလာတယ်။"ဟေအန်းက လူကဲခတ်ပညာတတ်မြောက်ထားတယ်...ကြင်ယာတော်ဝမ်ကြည့်ရတာ ဥယျာဥ်အကြီးဆုံးလိုချင်တာထက် အချိန်ဆွဲချင်တာလို့ထင်တယ်...ဒါပေမယ့်ဘယ်လိုလုပ်မလဲ မောင်တော်က ခုနှစ်ရက်အတွင်းအပြီးဆောက်ရမယ်လို့ အမိန့်တော်ချမှတ်လိုက်တယ်...အမတ်တွေကြား အုတ်အော်သောင်းတင်းကိုဖြစ်လို့''
ရိပေါ်က မိဖုရားမျက်နှာကို အကဲခတ်သလိုတစ်ချက်စောင့်ငဲ့ကြည့်လိုက်တယ်။
"မောင်တော်က ဘယ်လောက်တောင်စုံမက်နေသလဲဆိုရင် ဟေအန်းနေရာကိုလိုချင်ရင်တောင် ဖယ်ပေးရမတဲ့ လက်မဆက်ခင်တောင် ကြင်ယာတော်ဘွဲ့ပေးခဲ့တယ် သူမရှိတုန်းဘယ်သူမှအနိုင်မကျင့်နိုင်အောင်လေ''
သူကတော့ စိတ်လှုပ်ရှားဟန်တစ်ချက်မပြ မျက်နှာပေါ်အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်မှုအပြည့်နဲ့။
"မိဖုရားစိတ်ချပါ ဒီနေရာတွေကိုတပ်မက်စိတ်မဖြစ်မိပါဘူး အရှင်မင်းကြီးကပေးလာရင်တောင်ငြင်းမှာပါ''
"တစ်ချက်ကြည့်လိုက်ရုံနဲ့အစ်မတော်က သိပါတယ် ကြင်ယာတော်ကို ကိုယ့်ရဲ့မောင်ငယ်လေးလို သဘောကျမိပါရဲ့...အပြိုင်ဆိုင်များတဲ့ဒီနန်းတွင်းမှာ အစ်မတော်ကမောင်ငယ်လေးအရင်းလို စောင့်ရှောက်ပါ့မယ် အကူညီလိုလည်းပြောပါ''
"ကျွန်တော်မျိုးက ထွက်သွားချင်တာဆိုရင်ရော''
"မောင်တော်ရင်ကွဲမယ့်ကိစ္စ ဟေအန်းမလုပ်လိုဘူး...သူတကယ်နှစ်သက်မြတ်နိုးနေတာပါ သေချာတော့စဥ်းစားပါဦး....ဒါပေမယ့် နေလိုသည်ဖြစ်စေ သွားလိုသည်ဖြစ်စေ အစ်မတော်ကူညီမှာပါ.....ရော့ ဒီဆံထိုးလေးယူထား ဒီနန်းတော်က အရာရှိကြီးငယ် ဟေအန်းလိုသဘောထားပြီး ကူညီပေးကြလိမ့်မယ်''
VOUS LISEZ
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။