Ep.7

3.8K 337 81
                                        

Unicode

အင်း....မိုးတောင်လင်းနေပြီပဲ အရှင်သတိရလာရင် အစာရှိဖို့လိုတယ်။

"ဆန်ပြုတ်ယူခဲ့ကြ ဆေးလည်းတိုက်ရဦးမယ်... မဖြစ်ဘူးဆေးကကိုယ်တော်ကိုယ်တိုင်ကြိုမှရမှာ ''

သက်သာနေပြီဖြစ်တဲ့ အရှင့်မျက်နှာတစိမ့်စိမ့်ကြည့်လို့ နန်းတွင်းသူတွေကိုမှာစရာရှိတာမှာပြီးဆေးကြိုရန်မီးဖိုဆောင်ဘက်ထွက်ခဲ့လိုက်တယ်။အရှင်ကသက်သာနေပြီမို့ ခုတခါမီးဖိုဆောင်ဝင်တာက စိတ်လက်ပေါ့ပါးနေတယ်။

ဆေးကြိုပြီး.ဆေးသောက်လို့ကောင်းရုံအနေတော်အပူလေးရအောင် မှုတ်ပေးရင်း အဆောင်ထဲဝင်လိုက်တော့ မြင်ကွင်းတစ်ခုကဆီကြိုနေရဲ့။ကုတင်ပေါ်ကိုယ်တစ်ဝက်မှီထိုင်နေတဲ့ အရှင့်ကိုလီမုလုံက ဆန်ပြုတ်တိုက်နေရင်း ရိပေါ်ကိုမြင်တော့
အခန်းပြင်ထွက်လာပြီး.အခန်းဝမှာပိတ်ရပ်လာတယ် ။

"ကျန့်စိတ်ဆင်းရဲအောင်လုပ်ပြန်ပြီလား ...မင်းသားဝမ်ကို သူမမြင်ချင်ဘူးပြောထားရက်နော် အခန်းထဲခြေတစ်လှမ်းတောင်မဝင်ပါနဲ့တဲ့''

ရုတ်ချည်းစိတ်တို့စိတ်ရှုပ်ထွေးသွားရတယ်။ ဆေးခွက်လေးကိုင်ရင်း အခန်းထဲကအရှင်ကိုလှမ်းကြည့်လိုက်တော့ အရှင်ကလည်း ဖျော့တော့တဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်တာနဲ့ဆုံတယ်။အင်းလေ အရှင်ကအားနည်းပင်ပန်းနေတာပဲ စိတ်ရှုပ်အောင်မလုပ်သင့်ဘူး ငါသတိထားရမယ်။

အခန်းထဲမဝင်မိပေမယ့် တင်းကြပ်နေတဲ့စိတ်တို့ကြောင့် မခွာနိုင်ပဲ အခန်းပြင်မှာပဲတောင့်တောင့်ကြီး.ရပ်နေမိတယ်။အရှင်မှသက်သာရဲ့လားလို့ ကိုယ်တိုင်မေးချင်မိသား။

"မင်းသားဝမ် ရှင်မသွားသေးဘူးလား ''

"ဟို အရှင့်သားကိုဆေးတိုက်ရမယ် ငါကိုယ်တိုင်တိုက်ရမယ်''

"ပေးအဲဒီဆေး မုလုံတိုက်လည်းရတယ် မင်းသားဝမ်မျက်နှာမြင်ရင် မသောက်ပဲဆေးတွေလွှင့်ပစ်နေမှဖြင့် ရောဂါမသက်သာပဲ ပိုဆိုးနေပါ့မယ် ပေးမုလုံကိုပေးပေး''

လက်ထဲကလုယူနေတဲ့ဆေးခွက်လေးဖိတ်စင်သွားမှာစိုးလို့ လွှတ်ပေးလိုက်ရတော့တယ်။ဒီဆေးသောက်မှ အရှင်ကအမြန်ထူထောင်လာနိုင်မှာ မဟုတ်လား... ပြုစုပေးမယ့်လီမိန်းကလေးရှိနေတာပဲလေ မျက်နှာမြင်လို့ဆေးတွေလွှင့်ပစ်နေမှဖြင့် သူမရှိတာကအရှင့်တွက်ပိုကောင်းမှာပါ။

Close My Eyes (or) အဆိပ်ရှိအချစ်Onde histórias criam vida. Descubra agora