Ep.40 (ဇာတ်သိမ်းပိုင်း)

4.9K 258 48
                                        

Uni

ရိပေါ်နဲ့ရှောင်ကျန့်ကို ဂူကိုမပြန်စေပဲ ရှီချန်းအိမ်မှာပဲလိုက်နေစေတယ်။နန်းသခင်မပါ သူတို့နဲ့အတူလိုက်နေပြီး လုပ်စရာရှိတာတွေကြိုတင်ပြင်ဆင်ကြရတယ်။
မြို့စားမင်းက ဥယျာဥ်တော်ကို ခေါ်ဆောင်ခဲ့ပြီး မြေကွက်လပ်ကျယ်ပေါ် နန်းသခင်မပြောတဲ့အတိုင်း အင်းကွက်ကို ကျောက်သားနဲ့ထွင်းလို့ သေချာအခိုင်မာတည်ဆောက်စေတယ်။
အကူညီပေးရင်းအလုပ်ရှုပ်နေတဲ့ မြို့စားမင်းဟာ ဝမ်ရိပေါ်ကို ဂရုစိုက်ရန်လည်း မလစ်ဟင်းစေပေ။
ညီတစ်ယောက်လိုထက် သားတစ်ယောက်ကို ဂရုစိုက်ပေးနေသလိုမျိုးပင်။

ကူညီမယ့်ရွာသားတွေကလည်း.တစ်သုတ်ပြီးတစ်သုတ်လူခွဲလို့ တမင်တကာအဖမ်းခံပေးခဲ့ကြတယ်။ချီလင်ဘုရင်ကြီးကတော့ လပြည့်နားနီးမှ လူတစ်ရာလွယ်လွယ်ကူကူပြည့်သွားတာမို့ စိတ်လက်ကြည်သာနေတယ်။

မိန်းကလေးတစ်ယောက်အသွင်ယူထားတဲ့ ချီလင်ကြီးရဲ့ ရုပ်သွင်အစစ်အမှန်ကိုတော့ မြင်ခွင့်မရကြ။

ကံကောင်းစွာမြင်ခွင့်ရကြသူများကတော့ နယ်မြေကိုခေါ်ဆောင်ခံရပြီး မကြာခင်သေမယ့်သူများသာ။

လပြည့်ညမှာပဲ လူတစ်ရာကို ဥယျာဥ်တော်အနောက်ဘက်ကိုခေါ်ဆောင်သွားတယ်။
ခေါ်လာသမျှလူတိုင်းက ကြောက်ရွံ့နေကြပေမယ့် ဒီလူတစ်ရာကတော့ ထူးထူးဆန်းဆန်းကို တည်ငြိမ်နေတော့ ဘုရင်မကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး အရေခွံကိုခွာချလိုက်တော့တယ်။

အားလုံးမျက်လုံးပြူးကုန်ပြီး တအံ့တသြ ပါးစပ်အဟောင်းသားနဲ့ ငေး.ကြည့်နေတုန်းမှာပဲ ချောမောလှပတဲ့ လုလင်ပျိုတစ်ယောက်ဖြစ်တည်လာတယ်။
သူတို့တွေဟာ ကြောက်ရကောင်းမှန်းပင် မသိစွာ လုလင်ပျိုရဲ့ချောမောမှုမှာ ငေးမောမှင်သက်မိနေကြရတယ်။
သူတို့တစ်သက် ဒီလောက်ချောမောလှပတဲ့လူမျိုး မမြင်ဖူးခဲ့ပါ။
လုလင်ပျိုက မဲ့ပြုံးတစ်ချက်နဲ့ အားလုံးဆီလက်တစ်ဖက်ဝှေ့ပြီး.အားမာန်သွင်းလို့ တစ်ချက်အခုန်မှာပဲ သူတို့ကလေဟုန်စီးနေရပြီ။

.
.
.

"တိရစ္ဆာန်သွေးတွေများများယူခဲ့ပါ ''

Você leu todos os capítulos publicados.

⏰ Última atualização: Aug 08, 2021 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Close My Eyes (or) အဆိပ်ရှိအချစ်Onde histórias criam vida. Descubra agora