Ep.5

3.7K 339 21
                                        

Unicode

"မင်းသားဝမ်သတိထားပါ''

သတိပေးစကားတို့ အလောသုံးဆယ်ပြောရင်း တစ်ဖက်ကိုတိမ်းရှောင်လိုက်ရတဲ့ ကိုယ်ရံတော်ကျန်း။ဒေါသထွက်နေပုံရတဲ့ အစွယ်တဖွေးဖွေးနဲ့တောဝက်ကြီးက မြင်းပေါ်ကပြုတ်ကျသွားတဲ့ ကျန်းချန်ကိုရန်မူဟန်ပြင်နေတယ်။

ကျန်းချန်ကလည်း လက်စွဲတော်ဓားကို
သေချာဆုပ်လို့ ရင်ဆိုင်ရန်အသင့်။တောဝက်ကြီးက ခွာတရှပ်ရှပ်ဖြစ်နေတဲ့ မြင်းဖြူကြီးပေါ်က ဝမ်ရိပေါ်ကိုလည်း သတိပြုမိပြီး ဘယ်ကိုရန်မူရမှန်းမသိ မြင်မြင်သမျှကို အစွယ်ဖျားမှာအူအခွေလိုက်ပါသွားအောင် ပင့်ခတ်ပစ်လိုက်ရန် တာစူနေတယ်။

သတိကောင်းတဲ့သူက လေးညှို့ကိုတင်းနေအောင်ဆွဲပြီး အခြေနေကောင်းကိုစောင့်ဆိုင်းနေတယ်။ကျန့်ချန်နဲ့ ဝမ်ရိပေါ် ဘယ်သူ့ကိုရွေးလိုက်တယ်မသိပေမယ့် တောဝက်ကြီးစတင်လှုပ်ရှားရုံနဲ့ အားပြင်းတဲ့မြှားတစ်စင်းက လက်ပြင်ကနေထုတ်ခြင်းခတ်သွားလေရဲ့။

တောဝက်ကြီးရဲ့အော်သံဆူညံစွာထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်ဘိုင်းကနဲလဲလို့ ဇီဝိန်ချုပ်သွားလေတယ်။

"မင်းသားဝမ် ပစ်ချက်သိပ်ကောင်းတယ်...
ဒီကောင်ကြီးက အကောင်အတော်ကြီးနေပြီ ဒေါသထွက်နေချိန် အန္တရာယ်အရမ်းများတယ်... ဂုဏ်ယူပါတယ်မင်းသား ပြည်တော်ပြန်မျက်နှာပန်းလှပြီ''

တောဝက်ကြီးနဲ့မျက်နှာချင်းဆိုင်အနီးကပ်တွေ့ပြီး ထိတ်လန့်စိတ်မပြေသေးချိန် ကိုယ်ရံတော်ကျန်းစကားကြောင့် ပြုံးမိရသေးတယ်။

"ကိုယ်ရံတော်ကျန်း ဒီအနီးနားဘယ်သူရှိလဲ
ကြည့်ပြီး သယ်ခိုင်းလိုက်ပါ ကိုယ်တော်တို့ပြန်ကြရအောင်''

တောထဲဝင်လာစနဲ့မတူ အပြန်ကိုတော့ သွက်လက်ခြင်းက ဦးဆောင်နေတယ်။တောဝက်လောက်ဆို အရှင့်သားရှေ့မျက်နှာမငယ်ရလောက်ပါဘူးနော်။စိတ်ကြည်လင်နေမှုကြောင့်လားမသိ ဘေးကဖြတ်သွားရတဲ့ တောပန်းလေးတွေကအစ မွှေးပျံ့နေသယောင်။

စုရပ်မှာမိဖုရားမယ်မယ်နဲ့ မင်းကြီးစောင့် နေမယ်ထင်ထားသော်လည်း တစ်ယောက်မျှမရှိ။အစောင့်တပ်သားလေးက သူ့ကိုမြင်တာနဲ့ စိုးရိမ်ပူပန်နေတဲ့အသွင်နဲ့ အပြေးအလွှားလာရောက် လျောက်တင်တယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Dove le storie prendono vita. Scoprilo ora