Unicode
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.13လူစည်ကားတဲ့စျေးလယ် ချက်ကျကျနေရာတစ်ခုက ရတနာဆိုင်ကြီးဘေးမှာ မျက်နှာဖုံးတပ်ထားတဲ့
ဝတ်စုံဖြူလူငယ်ရှေ့ အထောက်တော်တစ်ယောက်က ဒူးထောက်ခစားနေတယ်။"အမြန်ထပါ ကိုယ်တော်ဘယ်သူဆိုတာ တခြားသူတွေမသိစေချင်ဘူး''
"မှန်ပါအရှင့်သား အိမ်ရှေ့စံမင်းသားချန်ရုယုံပြန်လာနေပါပြီလို့ အကြောင်းကြားပါတယ်''
လျှောက်တင်သံအဆုံး ရှောင်ကျန့်ကိုကြည့်မိတော့ မသိမသာလေးမျက်နှာအိုနေပြီ။
"နန်းတော်ကိုသွားလျှောက်တင်ချေလေ ကိုယ်တော့်ဆီလိုက်လာပြောရလား''
"ကျွန်တော်မျိုးက အရှင့်သားကိုလျှောက်တင်ဖို့ သီးသန့်လွှတ်လိုက်တာပါ''
မျက်နှာကိုရေအေးနဲ့အပက်ခံလိုက်ရသလို အေးစက်မှုန်မှိုင်းသွားတယ် သူ့ဘေးကအရှင့်မျက်နှာဘယ်နှယ့်ရှိနေစ သူမတွေးရဲ ။
ထိုညကသာမာန်လူတွေလိုပဲ တည်းခိုခန်းမှာတည်းဖြစ်ကြတယ်။
"အကောင်းဆုံးအခန်းသုံးခန်းပေးပါ''
"လေးခန်း''
သူ့စကားကိုဝင်ရောက်ဖြတ်ပြောလာတဲ့ ဝမ်ငယ်ကိုငုံ့ကြည့်လိုက်တယ်။
"သုံးခန်းပဲပေး''
"လေးခန်း''
ငြင်းခုန်နေကြတဲ့သူတို့ကြား မုလုံကအခန်းသော့လေးချောင်းယူထွက်သွားတယ်။
ဆက်ငြင်းမနေကြတော့ပဲ နောက်ကလိုက်ခဲ့ကြတော့ မုလုံနဲ့ရှောင့်ကျန့်ကအခန်းကပ်ရက်ယူထားပြီး ဝမ်ရိပေါ်နဲ့ကျန်းချန်ကဘေးချင်းကပ်သူတို့နဲ့မျက်နှာချင်းဆိုင်။
BINABASA MO ANG
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။