Unicode
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.10ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းငယ်ထဲ
မျက်စိကျင့်သားရအောင် ခနစောင့်ရင်း
အသက်ရှူအောင့်ထားလိုက်တယ် သူ့အပြင်အခြားအသက်ရှူသံရှိလေမလား.နားစွင့်ရင်းပေါ့။ လုံးဝတိတ်ဆိတ်ခြောက်ကပ်နေတာသေချာမှ လက်ဖျားတို့တစ်ချက်လှုပ်ရှား
လိုက်ပြီး အနီးကဖယောင်းတိုင်ကို မီးထွန်ညှိလိုက်တယ်။ရလာတဲ့အလင်းရောင်နဲ့အတူ ထရပ်လိုက်တော့ ဘေးကစင်တစ်ခုကိုတိုက်မိပြီး စာလိမ်တွေပြုတ်ကျလာတယ်။ညအမှောင်မှာပြုတ်ကျသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။စိုးရိမ်စိတ်ကြောင့် အသက်အောင့်ထားမိသည်ထိ။
ခနကြာထိဘာလှုပ်ရှားတုံ့ပြန်မှုမှ မတွေ့ရ။ ပြုတ်ကျနေတဲ့စာလိပ်တွေပြန်တင်ရင်း ပြေကျနေတဲ့တစ်ခုကိုကြည့်လိုက်မိတယ်။ဒါသူ့ရဲ့ပုံတူပန်းချီ။နောက်ထပ်စာလိပ်ပေါင်းများစွာ ဖြေကြည့်မိသမျှရှောင်ကျန့်ပုံတူများသာ။ဘယ်လိုလုပ်ဝမ်ငယ်ရဲ့လျို့ဝှက်အခန်းမှာ သူ့ပုံတူတွေရှိနေရတာလဲ။ရှိသမျှပုံတူတွေက သူ့ကြီးပြင်းလာသမျှအသက်ရွယ်လိုက်ပုံတူတွေ။
ခေါင်းထဲမှာအမှတ်မထင်ရေးရေးလေး ပေါ်လာတာက တိကျသေသပ်တဲ့လက်ရေးနဲ့စာဆောင်တွေ များစွာ။မျက်လုံးတို့တင်းတင်းမှိတ်ပြီး စိတ်အာရုံစုစည်း ကြည့်မိတယ် ဝေးလာလိုက်နီးလာလိုက်နဲ့ မသေချာမရေရာမှုများသာ။
အား....ဘာလို့သေချာ စဥ်းစားမရတာလဲ။ခေတ်တခနစဥ်းစားကြည့်ပြီး မရမှ ပုံတူပန်းချီတွေကိုနေရာတကျပြန်ထားရင်း အခန်းကိုလေ့လာကြည့်ရတယ်။ဝမ်ငယ် ဒီအခန်းမှာပျောက်သွားတာပင် မဟုတ်ပါလား။နောက်ထပ်တံခါးတစ်ချပ်ကိုလွယ်လွယ်ကူကူပဲရှာတွေ့ခဲ့ပြီး တံခါးကိုအသာအယာဆွဲဖွင့်လိုက်တော့ အပြင်ကလည်းမှောင်နဲ့မည်းမည်းသာ။ဖယောင်တိုင်ထွန်းထားတဲ့
ကလပ်ကိုမယူလိုက်ပြီး ထိုတံခါးချပ်ကနေ
ရှေ့တိုးလိုက်တော့။ဥမင်လှိုင်ခေါင်းတစ်ခုပဲ။ဝမ်ငယ်ဘာတွေများလုပ်နေတာလဲ ။လျို့ဝှက်အခန်းထားထားတဲ့အပြင် ဥမင်ပါဖောက်ပြီး မင်းကြီးကိုပုန်ကန်ရန်များကြံသည်နေသလော။
![](https://img.wattpad.com/cover/246192274-288-k123641.jpg)
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုး အရမ်းပင်ပန်းနေပြီမို့ ကျွန်တော်မျိုးကို မျက်လုံးတွေ ပိတ်ခွင့်ပေးပါတော့။