Ep.36

1.8K 196 26
                                    

Uni

Ep.36

ရိပေါ်  အတော်ပင်စိတ်ရှုပ်ထွေးသွားပြီ ဖြစ်၏။ဘေးကအရှင်ကိုကြည့်လိုက်တော့လည်း မျက်မှောင်ကြီးကုတ်ပြီး. မျက်လုံးတွေပါနီလာပြီ။ ဒါဟာ ကောင်းသောလက္ခဏာတော့ မဟုတ်။

ထိုစဥ် စကားကြွယ်တဲ့ ပညာရှိအမတ်ကြီးတစ်ပါးက။

"ဘုရင်မခင်ဗျား သူကကျွန်တော်မျိုးတို့ ဘုရင်မင်းမြတ်နဲ့လက်ဆက်မယ့်သူပါ မဖြစ်နိုင်.....''

ရေခဲဘုရင်မက အေးစက်စက်မျက်ဝန်းတွေနဲ့ ပြန်လှည့်ကြည့်လိုက်ပုံမှာ ရေခဲမျှားအစင်းပေါင်းများစွာနဲ့ ပစ်ခွင်းလိုက်သည့်အလား
။ ခုမှလန့်ရကောင်းမှန်း သိသွားသော အမတ်ကြီးက စကားအမြန်ဖြတ်ပေမယ့် မမှီတော့ပေ။
ဘုရင်မလက်ညှိုးလေးတစ်ချက်အထောက်မှာ ရှည်ထွက်လာတဲ့ ရေခဲချွန်တစ်ခုက အမတ်ကြီးရင်ဘတ် နှလုံးသားဆီ ထုတ်ချင်းဖောက်လျက်သား။

အလစ်အငိုက်စောင့်ရင်း အခွင့်ကောင်းချောင်းနေတဲ့ဟန်ဘုရင် နောက်ခြေနှစ်လှမ်း ဆုတ်မိသွားတယ်။ဘာမဆိုလုပ်ရန်ဝန်မလေးသော ရေခဲဘုရင်မ အပြုမူတွေကြောင့် နောက်ထပ်
ဘယ်သူမှ မလှုပ်ရှားရဲတော့။

နန်းရင်ပြင်မှာရှုပ်ယှက်ခတ်နေချိန် နန်းတော်အမိုးပေါ်က ဝုန်းဆိုတဲ့အသံကြီးကြောင့် အားလုံးထိတ်လန့်တုန်လှုပ်ကုန်တယ်။ရေခဲဘုရင်မပါ မျက်နှာပျက်သွားတာကို သတိမလစ်တဲ့ရှောင်ကျန့်က မြင်ဖြစ်အောင်မြင်လိုက်တယ်။အားလုံးထိပ်ထိပ်ပြာပြာနှင့် အပြင်ထွက်ကြည့်ကြကုန်တယ်။

"အစ်မတော်''

ရွှေအိုရောင် ကိုယ်ကြပ်အကျီ်နဲ့ လိုက်ဖက်စွာ ဝင်းဝါ၍ရွှေရောင်တောက်နေတဲ့အသားရည်က ကိုယ်ရောင်ကိုယ်ဝါထွက်နေသလို
အားလုံးက ရင်သတ်ရှုမောရလွန်း၍ ကြောက်ရကောင်းမှန်းပင် မသိတော့။
သူမကတော့ ရေခဲဘုရင်မလို အေးခဲမနေ ခပ်ပြုံးပြုံးလေးနှင့် ကြွကြွရွရွလေး လှမ်းလို့ ကိုယ်ဟန်လေးတပြပြ။

သူမလျှောက်လိုက်တိုင်း လှုပ်ခါသွားတဲ့ အသားစိုင်တွေကြောင့် ပဲ့ကြွေသွားလေမလား။သူမကတော့ အားလုံးကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီး ရေခဲဘုရင်မဆီမှာ အကြည့်တွေကိုအဆုံးသတ်လိုက်တယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Donde viven las historias. Descúbrelo ahora