Ep.11

3.7K 304 76
                                        

Unicode

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.11

ညစာစားပွဲကနေ မင်းကြီးကိုနှုတ်ဆက်ပြီးပြန်လာတဲ့လမ်းတစ်လျောက်ဟာ တိတ်ဆိတ်ခြောက်ကပ်စွာ။ဝမ်ငယ်ကြည့်ရတာ လုံးဝကိုတိတ်ဆိတ်နေတယ်။အရိပ်အခြေတစ်ချက်အကဲခတ်ပြီး မေးရန်လည်းမဝံ့ရဲတာမို့ ဘေးကယှဥ်လျှောက်နေတဲ့ ဝမ်ငယ်လက်ဖျားလေးကို မသိမသာလေးပွတ်တိုက်မိတော့ သူတော့မသိပေမယ့် စိတ်ထဲရှိန်းမြမြ။

ဝမ်ငယ်ကသူ့လက်ကလေးအသာရုတ်သွားပြီး ကိုယ်ရှေ့မှာလက်ဖျားအချင်းချင်းဆုပ်ကိုင်လို့ စကားစလာတယ်။

"အရှင့်သား ရှောင်းရန်ကလိုက်လာတဲ့လူတွေကို သွားတွေ့လ်ိုက်ပါဦး ကျွန်တော်မျိုးက မနက်ဖြန်မှသွားရောက်နှုတ်ဆက်ပါ့မယ်''

ထိုတော့မှ သူဘာတွေးနေလဲသိလာရသလို။

"ကိုယ်လည်း မနက်ဖြန်မှ ဝမ်နဲ့အတူသွားမယ်လေ''

"ခရီးဝေးကလာရသူအဖို့ မျက်နှာအရင်မြင်ချင်မှာပါ အားမနာပဲသွားတွေ့လိုက်ပါ  ''

"ကိုယ်ရောက်လာတုန်းကရော တွေ့ချင်နေခဲ့ရဲ့လား''

ဘေးကလူသားလေးက လျှောက်လှမ်းနေတာကို ရပ်လိုက်တယ် မျက်တောင်ဖျား လေးတစ်ချက်ခတ် မျက်ဝန်းလေးပင့်မော့ကြည့်လာပြီး မျက်နှာပြန်လွှဲချိန် သေလောက်တဲ့စကားကို အေးအေးဆေးဆေးဆိုနိုင်၏။

"ရှောင်းရန်မှာ နောက်ဆုံးနေခဲ့တဲ့အချိန်ကို ပြန်တွေးမ်ိရင်  မျက်နှာကိုမမြင်ချင်တာပါ''

ကောင်းပါလေ့။
အသဲနှလုံးပါ အေးခဲသွားဘိထင်။ဒဲ့တိုးဆန်လွန်း၏။ စကားပြောမတတ်တာလား။
နောင်တစ်ချိန်ရှင်ဘုရင်ဖြစ်လာမယ့်သူကို ပြောရဲဘိခြင်း။စကားပြောပြတ်သားတဲ့သူက သူတန်ဖိုးထားရသူမို့အေးခဲသွားတဲ့နှလုံးသားကို ပူနွေးလာအောင် ဒီကိုယ်တော်ကပဲ ပြန်ကြိုးစားပါ့မယ်။

×××××××××××××××××

မုလုံဆွဲခေါ်ရာနောက် ကလန်ကလားနဲ့ပါသွားရတဲ့ ကျန်းချန်ပါးစပ်ကညည်းညည်းညူညူ။

"ဘာဖြစ်လို့အတင်းဆွဲနေတာလဲ မုလုံရာ ရှောင်ကျန့်လာရင်မတွေ့ပဲနေလိမ့်မယ်''

Close My Eyes (or) အဆိပ်ရှိအချစ်Onde histórias criam vida. Descubra agora