Ep.8

4K 339 83
                                        

Unicode

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.8

"ပဝမ်''

နှင်းဖတ်တို့ဖယ်ရှားထွေးပွေ့ပါသည့်တိုင်
အေးခဲမှုက ဓားသွားအလား လက်တို့ပြန်ရုတ်မိသည်ထိ။ကိုယ်တော်ဘာတွေလုပ်ခဲ့မိတာလဲ။

"လာကြစမ်း...ဘာရပ်ကြည့်နေကြတာလဲ နန်းတွင်းသမားတော်တွေအကုန်ခေါ်ခဲ့''

ရှိသမျှနန်းတွင်းသမားတော်တွေပြာရိပြာယာနဲ့ အကုန်ရောက်လာကြတာ အိမ်ရှေ့စံအိမ်ခန်းပြည့်လုမတတ် လူများပေမယ့်ပွဲမစည် အိမ်ရှေ့စံမျက်နှာကြည့်ပြီး မည်သူမျှကြင်ယာတော်ကို မထိရဲကြ။ နောက်မှသမားတော်ကြီးချူမိုက မင်းသားကိုဖျောင်းဖျလို့ ကျန်တဲ့သမားတော်တွေပြန်လွှတ်ရတယ်။လိုအပ်တာတွေညွှန်ကြားပြီး
ဆေးအမြန်ကြိုခိုင်းလိုက်တယ်။

"ဆေးရလာရင်တိုက်ပေးရမယ် လောလောဆယ် အဝတ်စားလဲပေးဖို့ လိုပါမယ်''

"မလုပ်နဲ့ ကိုယ်တော်လဲမယ်...မဟုတ်သေးဘူး ကိုယ်တော် မလဲရဲဘူး''

အိမ်ရှေ့စံအရိပ်ခြေကြည့်နေရတဲ့ ဘေးကလူတွေမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြတော့။

"ကျမ်းယွီနဲ့ရှောင်လွီကျီလဲပေးပါ့မယ် ကျမ်းယွီတို့ကငယ်ကျွန်...

"မထိနဲ့...ကိုယ်တော်ပဲလဲပေးတော့မယ် အားလုံးအပြင်ထွက်ကြ''

"ဒါဆိုမင်းသားကိုပဲ မှာခဲ့ပါတော့မယ် ဆေးကြိုခိုင်းထားတာရရင် တိုက်ပေးလိုက်ပါ နောက်နေ့တွေ ဂျင်ဆင်းလဖက်ရည်လေးတိုက်ပေးပါ ဒီလိမ်းဆေးက နှင်းကိုက်ဒဏ်ရာဖြစ်နေတဲ့နေရာလေးတွေလိမ်းဖို့ပါ''

ရှောင်ကျန့်ကသေချာနားထောင်နေပြီး ခေါင်းညိတ်တယ်။

အားလုံးထွက်သွားတော့မှ ပဝမ်ဆီမှာအကြည့်တို့မြဲတော့တယ်။ဝတ်ရုံစလေးဆီ လက်လှမ်းလိုက်ပြန်ရုတ်လိုက်နဲ့ အခက်တွေ့နေရပြီ။
မျက်နှာကိုတောင်စေ့စေ့မကြည့်ဖူးတဲ့ ကိုယ်တော်ကအဝတ်လဲပေးရမှာ အဆင်ပြေမနေဘူးရယ်။မင်းကိုအဝတ်လဲပေး မယ့်အစား.ကျားမြီးဆွဲ ကျားကိုရန်စလို့ သူသေကိုယ်သေသာ သတ်လိုက်ချင်တော့တယ်။
ကိုယ်တော်မှလဲမပေးရင် တခြားသူမင်းအသားထိမှာလည်း.မကြည်ဖြူနိုင်ဘူးရယ်။ပဝမ်မင်းက ကိုယ်တော့်ကိုအခက်တွေ့စေသူပဲ။အတတ်နိုင်ဆုံးအကြည့်လွှဲလို့ အဝတ်လဲပေးပါ့မယ် နိုးလာခဲ့သော် စိတ်မဆိုးဖို့ မျှော်လင့်ရတာပဲ။

Close My Eyes (or) အဆိပ်ရှိအချစ်Where stories live. Discover now