*ဒီနေ့ စကာ်ပူက လုပ်ငန်းနဲ့ဆိုင်တဲ့ ဧည့်သည်တွေ လာမှာနော် ချာတိတ်။ ကိုယ့်ကို ပါးပါးHotelဆီဘွတ်ကင်လုပ်ပေးထားအုံး..ညနေ၇နာရီလောက်*
*ဟုတ်..*
ရိပေါ် ဦးကျန့် လက်မှတ်ထိုးပြီးသား ဖိုင်တွေကို ပြန်ယူကာ ဦးကျန့်ရုံးခန်းထဲက သူ့နေရာဆီသို့ ပြန်လာထိုင်သည်။ ပြီးမှပါးပါးဆီ ဖုန်းလှမ်းဆက်ကာ ဘွတ်ကင်လုပ်ထားလိုက်သည်။ သားသားဆီကိုလဲ ဖုန်းလှမ်းဆက်ကာ ညနေဒင်နာရှိကြောင်း ပြောရသေးသည်။
ရိပေါ်ရဲ့ရာထူးက ဦးကျန့်၏ အတွင်းရေးမှူးပင်။ ဘေးကနေ အကူအညီဖြစ်အောင်နေသလို သူများတွေ လေးစားအောင်လဲနေသည်။ ဦးကျန့်ကြောင့် ဒီနေရာရတယ်လို့ အပြောမခံရအောင် ကြိုးစားသည်။
ဦးကျန့်ကလဲ အလုပ်ကိစ္စနဲ့ပတ်သတ်လျှင် ရိပေါ်ကိုမျက်နှာသာမပေးပါ။ အမှားလုပ်ရင် ငေါက်သည်၊ဆူသည်။ တစ်ခါတစ်လေ မျက်ရည်ပေါက်ပေါက်ကျအောင်တောင် ဆူတတ်လေသည်။
ပုံမှန်အချိန်ဆို အရမ်းကပ်သည့်ဦးကျန့်က ထိုလိုတွေဆူတတ်သည်ဆိုတာ အောက်လက်ငယ်သားတွေကမသိ။ သူတို့သိတဲ့အချိန်ကျ အကုန်လုံး လန့်ပြီးလှုပ်တောင်မလှုပ်ရဲကြ။
Bossက သူ့ဟာလေးတောင်မရဘူးဟ ဆူတာဆိုပြီး အကုန်လုံး ပေါ့ပေါ့ဆဆမလုပ်ရဲကြ။
*ချာတိတ်..ကိုယ့်ကို ဒါ Sheng Fiu companyဆီ သွားေပးဖို့ အကူတစ်ယောက် လွှတ်ပေးလိုက်အုံး။*
*ဟုတ်*
ဦးကျန့် လက်ထဲက ဖိုင်ကို ယူကာ ရုံးခန်းအပြင်ဘက်က အကူကို သွားပို့ခိုင်းလိုက်သည်။ ဦးကျန့်ကတော့ အလုပ်ဆက်လုပ်ဆဲ။ အသက်အရွယ်တစ်ခုရလာလေ ဦးကျန့်က ပို၍ ရင့်ကျတ်လာလေပင်။
______________________
*ကျန့်ကတော့ လုပ်ပြီကွာ*
စကာ်ပူဘက်က လာသည့်ဧည့်သည်တွေက မိန်းကလေးနှစ်ယောက်နှင့်ယောကျာ်းလေး သုံးယောက်။ စုစုပေါင်း ငါးယောက်လာသည့်အထဲ မိုင်ဆိုသည့်တစ်ယောက်က ဦးကျန့်ကို ကပ်လွန်းလှသည်။
လူမှုရေးအရ ပြုံးသာပြုံးပြနေသည့် ဦးကျန့်က ရိပေါ်ဆီကိုလဲ တစ်ချက်တစ်ချက်လှမ်းကြည့်နေသေးသည်။ ဦးကျန့် လက်မောင်းကို ဖက်လိုက်သည့် သူမကြောင့် ရိပေါ် ခေါင်းတွေ ထူပူသွားသလို။
