°7°

13.7K 902 101
                                        

ရှင်းအယ် ဂိုက်သင်ဖို့ အိမ်ကြီးထဲ ဝင်ဝင်ချင်း ဧည့်ခံမှာထိုင်ကာ ကော်ဖီပန်းကန်‌ေလးချထားပြီး သတင်းစာဖတ်နေသည့် အကိုကြီး၏ပေါင်ပေါ်တွင် ခေါင်းတင်အိပ်ကာ ဂိမ်းဆော့နေသည့် ဟိုငဂျစ်ကောင်ကြောင့် သွားရမလား၊ ခေါ်ပဲခေါ်ရမလား တွေဝေနေသည်။

*အော်..ဂိုက်ထင်တယ်*

ကော်ဖီသောက်ဖို့ လက်လှမ်းလိုက်သည့် အကိုကြီးက ရှင်းအယ်ကို မြင်ကာ ပြုံးပြလေသည်။ လှလိုက်တာ ဆိုတာ ရှင်းအယ်ပင် မတ်တပ်ကြီးရပ်ကာ ငူငူကြီးငေးနေမိသည်။

ဖြူဖွေးနေသည့်အသားအရည်မှာ ပါးဖောင်းဖောင်းလေးတွေက လုံးတစ်နေလေသည်။ မျက်လုံးပိပိလေးတွေက ချစ်စရာကောင်းသလို နှုတ်ခမ်းလုံးလုံးလေးက ချစ်စဖွယ်။

*ဟုတ်*

*အော်..လာထိုင်ပါအုံးဗျ..*

ရှင်းအယ်ကို တလေးတစားခေါ်ကာ သူ့ပေါင်ပေါ်ခေါင်းအုံးအိပ်နေသည့် ငဂျစ်ကောင်၏ ပေါင်ကိုလဲ လှမ်းရိုက်လေသည်။ ကြည့်ရတာ ငဂျစ်ကောင်၏ အစ်ကိုထင်သည်။

*ဟာ..ပါးပါး ဘာလို့ရိုက်နေတာလဲ*

*ဒီမှာ ဆရာလာနေတယ်လေ။ ထထိုင်ပါအုံးလား*

ပါးပါးဆိုသည့် အသံကြောင့် ရှင်းအယ်မှာ ထိုင်ရာကနေ ဖင်ကြွသွားသလိုတောင် ထင်ရသည်။ ဒီလူနဲ့ဒီလူက ပါးပါး!!

*သားသားက နည်းနည်းဆိုးတယ်ထင်တယ်။ သေချာလေး ဆုံးမပေးပါအုံးဗျာ။ ကျွန်တော်တို့ကကျ အလုပ်တစ်ဖက်နဲ့ဆိုတော့ သေချာအနီးကပ်မစောင့်ရှောက်နိုင်ခဲ့ဘူးလေ*

*ဟုတ်ကဲ့*

ငဂျစ်ကောင်၏ ဆံပင်တွေကို ပွတ်သပ်ပြီး ဆိုနေသည့်အကိုကြီး၏ မျက်ဝန်းတွင် အချစ်တွေဖြင့် ပြည့်နေလေသည်။ ရှင်းအယ် ဒီအခြေအနေကို ဘယ်လိုမှ မယုံကြည်နိုင်သေး။

အလွန်ဆုံးရှိမှ ၂၅နှစ်ဟု သူထင်ထားတာပင်။ ငဂျစ်ကောင်၏ ပါးပါးလို့တောင် မထင်ထားခဲ့။

*ဦး နာမည်က ရိပေါ်ပါ..သားသားရဲ့ ပါးပါးပါ*

*ဟုတ်ကဲ့...ကျွန်တော့်နာမည်က ရှင်းအယ်ပါဗျ*

Restart (S-2)Where stories live. Discover now