*မင်း မနေ့က ဘယ်ရောက်နေလဲ*
တိတ်ဆိတ်နေသည့် အခန်းထဲ ရှောင်းဝမ်အသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ရှင်းအယ်က လက်လေးနှစ်ဖက်ကို အချင်းချင်း ပြန်ဆုပ်ကိုင်ထားကာ ရှောင်းဝမ်ကို မော့မော့လေး ငေးနေလေသည်။
*ငါ မေးနေတယ်လေ*
ရှောင်းဝမ်က ထပ်အော်လိုက်တော့ ခန္ဓာကိုယ်လေးက တုန်ခနဲ။
*ကောက တွေ့ချင်တယ်ဆိုလို့ သွားတွေ့တာပါ*
ရှောင်းဝမ်က စွေ့ကနဲ ရှင်းအယ်ရှေ့ ရောက်လာကာ ရှင်းအယ်၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ အကြည့်ချင်း ဆုံကာ
*ငါ ပြောမယ်..မင်း ငါ့ကို သဘောမကျဘူးဆိုရင် ငါ လမ်းခွဲပေးမယ်။ အေး ဒါပေမယ့် ငါနဲ့တွဲရင်တော့ ဘယ်ကောင့်ကိုမှမင်းဘေးနား မမြင်ချင်ဘူး*
ကိုကိုက သူ့ကိုသဝန်တိုနေတာပဲ။
ရှင်းအယ် ခေါင်းညိမ့်ကာ သူ့လက်ဖဝါးဖြင့် ရှောင်းဝမ်မျက်နှာကို အုပ်မိုးကိုင်လိုက်ကာ အကြည့်ချင်း ဆုံစေသည်။ ရှောင်းဝမ်က စူးစူးရဲရဲကြည့်နေပေမယ့် ရှင်းအယ်က ပြုံးကာ
*ကျွန်တော်ကကိုကို့ကိုပဲ သဘောကျတယ်။ ကိုကိုနဲ့ပဲ နေချင်တယ်..ကိုကို ကျွန်တော့်ကို ချစ်လို့ သဝန်တိုတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုကို့ဘေးက ထွက်သွားဖို့တော့ မေပြာပါနဲ့နော်*
ရှောင်းဝမ်မှာ ဆူငေါက်မည့် အစီအစဉ်တောင် ပျက်သွားရသည်အထိ။ ရှင်းအယ် မျက်နှာကို သူ့လက်ဖဝါးဖြင့်ပြန်အုပ်ကိုင်ကာ
*ဟိုကောင်နဲ့ မနေ့က ဘာတွေပြောနေကြတာလဲ။ ဘာလို့ အချစ်က သူ့ရင်ခွင်ထဲ ရောက်နေတာလဲ*
*သူ ကျွန်တော့်ကို ဖွင့်ပြောတာ ကိုကို..ဒါပေမယ့် ကျွန်တော် ငြင်းခဲ့တယ်။ ကျွန်တော့်မှာ ကိုကို ရှိတယ်ဆိုပြီး*
ရှောင်းဝမ်က အခုမှမှိုရသည့်မျက်နှာဖြင့် ပြုံးလာကာ ရှင်းအယ်ကို ဖက်လိုက်သည်။ ရှင်းအယ်ကလဲ ပြန်သိုင်းဖက်ထားကာ ကိုကို့ ပုခုံးပေါ် မေးတင်လိုက်သည်။
ကိုကို့ဆီက ရနေသည့် အကောင်းစားရေမွှေးနံ့လေးကို ရှင်းအယ်က သိပ်ကြိုက်သည်။သင်းသင်းလေးနဲ့ မွှေးသည့်အနံ့လေး။
