°15°

11.1K 777 19
                                        

*မနေ့က ဘာလို့ ကိုယ့်ကို လာမကြိုခိုင်းတာလဲ*

ရှင်းအယ် နေမကောင်းဘူးဆို၍ အိမ်ရောက်နေသော ကောက ခပ်တည်တည်မျက်နှာထားဖြင့် မေးလာလေသည်။

*ဘာမှမဖြစ်ပါဘူး။ ကို..ရှောင်းဝမ်က လိုက်ပို့မယ်ဆိုလို့*

ကိုကိုလို့ ထွက်သွားတော့မည့် နာမ်စားကို နှုတ်ခမ်းကို ဖိကိုက်ပြီး ထိန်းလိုက်သည်။ ကောကတော့ စူးစမ်းသလို ကြည့်နေသေး၍ ရှင်းအယ်မှာ မျက်လုံးမှိတ်ထားလိုက်သည်။

*အဲ့ကောင်လေးက မင်းကို ကြိုက်နေတာလား*

ကော အမေးကြောင့် ရှင်းအယ် မျက်လုံးတွေဖွင့်ကာ ‌ေကာကိုကြည့်လိုက်သည်။ သူက အသက်ပြည့်ပြီးသား လူတစ်ယောက်။ ကောကို လေးစားပါတယ်။ ဒါပေမယ့် သူ့အရာရာတိုင်းကိုတော့ ဝင်စွက်ဖက်ခွင့်မပြုနိုင်။

*ဟုတ်*

*အဲ့တော့ သူကဖွင့်ပြောလား*

ရှင်းအယ် ခေါင်းညိမ့်လိုက်သည်။ ရှောင်းဝမ်က မကောင်းတဲ့လူ မဟုတ်ပါ။ သူ့အပေါ်ကိုလဲ နားလည်သည်။ တစ်ခါတစ်လေသာ အနိုင်ယူချင်စိတ် ရှိရုံလေး။

*အဖြေပြန်ပေးပြီးပြီလား*

*ပေးပြီးပြီ..*

ရှင်းအယ် မလွတ်တမ်းကြည့်နေသည့် ကောမျက်နှာက တင်းခနဲ။ ရှင်းအယ်ကို စူးရဲစွာ ကြည့်လာလေသည်။ သူလဲ တုန့်ပြန်ကာ ခပ်တင်းတင်း ပြန်ကြည့်လိုက်သည်။

*မင်းမရှက်ဘူးလား။ မင်း စာသင်ပေးတဲ့ လူတစ်ယောက်နဲ့ ပြန်ဖြစ်နေတယ်ဆိုတာ*

ကောအမေးက သူ့အရှိုက်ကို ထိသည်။ ကောပြောမှပင် သူ့တစ်ကိုယ်လုံး ရှက်ရိပ်လွှမ်းသွားသည်။ သူက ကိုယ်စာသင်ပေးတဲ့ လူနဲ့ ပြန်ဖြစ်နေတာပဲ။ တစ်ကယ်ကို ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရမယ့် စကားတွေက ပြင်းထန်လွန်းသည်။

*မင်းကို ငါအဲ့လိုလူလို့ တစ်ကယ်မထင်ရက်ခဲ့တာ။ အခုတော့ မင်းက ကိုယ်သင်ပေးတဲ့ လူနဲ့ ပြန်ဖြစ်နေတဲ့ အထိပဲ*

*တော်ပါတော့*

ရှင်းအယ် လက်ကာပြလိုက်ကာ ကော၏ အပြောအဆိုတွေကို တားဆီးလိုက်သည်။ အမှန်ဆို သူလဲ ရှောင်းဝမ်ကို တမင်သပ်သပ် သူ့ကို သဘောကျအောင် မပြုမူခဲ့ဖူးပါ။

Restart (S-2)Where stories live. Discover now