°12°

11.3K 811 36
                                        

ရိပေါ် နေမကောင်းချင်၍ ဦးကျန့်နဲ့ အလုပ်လိုက်မသွားပေ။ ဦးကျန့်မှာ သားသားနဲ့ အိမ်အကူတွေကို အလုပ်မသွားခင် သူ့ကို ဂရုစိုက်ဖို့ မှာခဲ့သည်မှာ တစ်ဖွဖွ။ ဘာမှသိပ်ဖြစ်တာ မဟုတ်ပါဘူးဆိုလဲ မရပေ။

ဒါတောင် နေ့လည်ဘက် သူအားတာနဲ့ အိမ်ပြန်လာမည့်ပုံ။ ဖုန်းဆိုလဲ ဆက်နေတာ ခနခန။

*ပါးပါး သက်သာလား..အိပ်ရင်အိပ်နေပါ့လား*

အခန်းထဲက ထွက်လာသည့် သားသားက သူ့နားလာကပ်ထိုင်သည်။ စိတ်ပြေလက်ပျောက် ဆိုဖာပေါ် လာထိုင်မိသည်ကိုပဲ အတင်းတွေ အခန်းထဲ ပြန်သွားခိုင်းနေသည်။

*သက်သာပါတယ် သားသားရဲ့။ ဒီနေ့ ဂိုက်လာမှာမလား*

*လာမှာ ပါးပါး*

ဂိမ်းဆော့နေသည့် သားသားကြောင့် သူ ဆက်မပြောဖြစ်တော့။ tvလိုင်းတွေကိုသာ တစ်လိုင်းပြီး တစ်လိုင်း ပြောင်းကြည့်နေသည်။ ဘေးက သားသားကို ကြည့်လိုက်တော့ ဂိမ်းထဲစိတ်ရောက်နေကာ တက်တခေါက်ခေါက်ဖြင့်။

တီရှပ်အပွနဲ့ စတိုင်လ်ပန်အနက်ဝတ်ထားသည့် သားသားက တစ်ကယ့်ကို ချောသည်။ ဘာမှမလုပ်ရ၍ ခြေချောင်းလေးတွေဆို ရဲနေလေသည်။ လက်ထိပ်လေးတွေလဲ နီရဲနေကာ လက်မွှေးလေးတွေဖြင့် ချစ်စရာအတိ။

သားသားကို ကြည့်ပြီး ဂုဏ်ယူနေမိတာမျိုးပင်။

*ကလေး..*

အနောက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်ကာ သားသားကပါ လည်ပြန်ကြည့်လာလေသည်။

*အော်..ဂျက်..လာလေ*

မုန့်တွေဖြင့် မတ်တပ်ရပ်နေသည့် ဂျက်ကို လာထိုင်ဖို့ ခေါ်လိုက်သည်။ သားသားကတော့ ကားယားထိုင်နေသည်ကို ပြင်ကာ ခြေချိတ်ထိုင်လေသည်။ ဖုန်းကိုပိတ်ကာ စားပွဲပေါ် လှမ်းတင်လိုက်လေသည်။

*နေမကောင်းဘူးကြားလို့ လာကြည့်ပေးတာ..သက်သာလား ဘာဖြစ်တာလဲ*

အိမ်အကူမလေး လာချပေးသည့် မုန့်ပန်းကန်နဲ့ အအေးကို ဂျက်ရှေ့ထိုးပေးလိုက်ရင်း ပြုံးပြပြီး ခေါင်းခါလိုက်သည်။

*ဘာမှသိပ်မဖြစ်ပါဘူး ဂျက်ရဲ့။ နည်းနည်းပင်ပန်းသွားလို့*

Restart (S-2)Where stories live. Discover now