°16°

12.3K 761 53
                                    

အပေါ်ကုတ်ချွတ် ဆိုဖာပေါ် တင်ထားသည့် ဦးကျန့်က သူ့ကို လှည့်မကြည့်။ စိတ်ဆိုးနေတယ်ဆိုတာ ရိပေါ်သိသည်။ ရှပ်အဖြူလက်ရှည်က ကြယ်သီးတွေကို ရိပေါ်ကို ကျောပေး၍ ဖြုတ်နေသည့် ဦးကျန့်၏ ခါးကို အနောက်ကနေ လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဖက်လိုက်သည်။

*ဖယ်..ရေချိုးမလို့*

*ဟင့်အင်း..ဘာလို့ ဖယ်ပေးရမှာလဲ*

ရိပေါ်၏လက်တွေအပေါ် ထပ်ဆုပ်ကိုင်လာသည့် ဦးကျန့်က ဖြုတ်ချနေပေမယ့် အားမပါ။ ရိပေါ် ပါးလေးကို ဦးကျန့်၏ ကျောပြင်နားကပ်ရင်း လက်တွေကလဲ ပိုတိုးဖက်လိုက်သည်။

ဦးကျန့်က ဘာမှဆက်မပြောပဲ လုပ်ချင်ရာပဲ ဆက်လုပ်နေသည်။ ရိပေါ်ကလဲ လုံးဝလွှတ်မပေးပဲ အနောက်ကနေ ဖက်လျက် လိုက်သည်။

*စိတ်မဆိုးပါနဲ့။ ပြဿနာတွေ ဖြစ်မှာစိုးလို့ ကြိုမပြောတာပါ*

ရိပေါ်က ချော့နေပေမယ့် ဦးကျန့်က အဖက်မလုပ်။ ခါးပတ်တွေပါ ချွတ်နေလေပြီ။ ရိပေါ်ကလဲ လုံးဝမဖယ်ပေးပဲ ဖက်ထားတုန်း။

*ဖယ်..*

*မဖယ်ပါဘူးဆို*

*ငါ ဘောင်းဘီချွတ်မလို့..ဖယ်ခိုင်းတာ*

ရိပေါ် ဟီးခနဲ ရယ်ပြကာ ခါးက လက်ကို ဖက်ထားရင်း သူ့ကိုယ်လေးကို အနောက်ကို ခပ်ခွာခွာလုပ်ပေးလိုက်သည်။ boxerတစ်ထည်ထဲသာ ကျန်တော့သည့် ဦးကျန့်ကို အရင်ကလိုဆို ရှက်နေအုံးမှာ ဖြစ်ပေမယ့် အခုကျ အဲ့လိုတွေမဖြစ်တော့။

အဓိကက ဦးကျန့်စိတ်ဆိုးပြေဖို့သာပင်။ ဘာလို့ဆို ဒီလူက သူ့အပိုင်လေ။ အကျီချွတ်မလို့ ပြင်နေသည့် ဦးကျန့်ကြောင့် ဖက်ထားတာကို လွှတ်ပေးလိုက်သည်။ ရိပေါ်လွှတ်ပေးပြီးမှ ဦးကျန့်က အဝတ်အစားချွတ်ကာ ခြင်းထဲထည့်သည်။

*ဘယ်လိုဖြစ်နေတာလဲ..ငါ ရေချိုးမလို့*

အနောက်ကနေ ဖက်ထားလိုက်သည်က ခပ်တင်းတင်း။ ရင်ဘတ်က အမွှေးအမျှင်တွေကိုလဲ ခပ်ဖွဖွပွတ်သပ်လိုက်သေးသည်။ ။

*စိတ်ဆိုးပြေမှ လွှတ်မှာ*

*ငါက မင်းဦးနှောက်ထဲမှာတောင် မရှိလို့ မင်းနဲ့ပတ်သတ်တာတွေ ငါ့ကိုမပြောပြဘူးမလား။ ဘာလို့ အခုမှ လာကပ်တွယ်နေတာလဲ..!ဖယ်စမ်း*

Restart (S-2)Where stories live. Discover now