ဆိုဖာပေါ်မှာ ထိုင်နေကြသူအားလုံး ဘယ်သူမှ အသံမထွက်။ မင်ဟန်တို့ ဝူယဲ့တို့ပါ ရောက်နေသလို ရှောင်ပါးပါးနဲ့ ဝမ်ကျဲလီတို့ပါ ရောက်နေကြလေသည်။
*အသေအချာ ဆုံးဖြတ်ပြီးပြီလား သား*
မျက်ခွံတွေ ဖောင်းကာ ငိုမဲ့မဲ့လေးနဲ့ ထိုင်နေသည့် ရိပေါ်ကို ရှောင်ပါးက လှမ်းမေးသည်။ ရှောင်းကျန့်ကတော့ မျက်နှာထားကြီး တည်ထားသည်မှာ ကြောက်စရာတောင် ကောင်းလှသည်။
ရိပေါ်က ဘာမှထပ်မပြော။ လက်ဖဝါးချင်းပွတ်ချေပြီးသာ ထိုင်နေလေသည်။ ရှောင်ပါးက သက်ပြင်းချကာ
*ကလေးကို လက်နဲ့ရွယ်တယ်ဆို ရှောင်းကျန့်*
ရှောင်ပါးအသံက မာနေလျက်။ ဒီအသက်အရွယ်ကြီးကျမှ အိမ်ထိလာဆုံးမနေရသည်ကတော့ မဟုတ်သေး။
*ကျွန်တော်ရွယ်မိသွားတယ်*
*ရှောင်းကျန့်တစ်ယောက်ထဲကို အပြစ်တင်လို့မရဘူး။
အားဝမ် နင် ရှောင်းကျန့်ကို ဘာပြန်ပြောသေးလဲ။ ပြီးတော့ နင်အရင်များ ရိုက်လိုက်လား*ဝမ်ကျဲလီက သူမမောင်ကို မယုံသလို အရင်မေးလေသည်။ အကုန်လုံးကလဲ ဘာမှဝင်မပြောပေမယ့် အခြေအနေကို အကဲခတ်နေတုန်းပင်။
ရှောင်ပါးတို့ကို ရိပေါ်ကရှောင်းကျန့်နဲ့ ကွာရှင်းတော့မည်ဆိုပြီး လှမ်းခေါ်တုန်းကဆို အားလုံးအထိတ်တလန့်။ မယုံကြည်ကြသလို တော်တော်လဲ အံ့ဩကုန်ကြသည်။
ဒီရောက်တော့ နှစ်ယောက်သားက တစ်ကွဲတစ်ပြားစီထိုင်ကာ တုတ်တုတ်မှမလှုပ်။ ရိပေါ် ကွာရှင်းမယ်ဆိုရင်တောင် ရှောင်းကျန့်က တားကိုတားရမှာပင်။
*ကျွန်တော် သူ့ပွေရှုပ်ချင်တဲ့ ဗီဇက ဒီတစ်သက်မပျောက်တော့ဘူးလို့ ပြောလိုက်တာ။ သူအရင် ကျွန်တော့်ကို ဂျက်ဆိုတဲ့လူနဲ့ လာသဝန်တိုတာလေ*
ရိပေါ်ကသာ ပြောနေပေမယ့် ရှောင်းကျန့်က မေးရိုးတွေ တင်းခနဲ ဖြစ်သွားရုံမှအပ မော့တောင်မကြည့်တော့။ ရိပေါ်စိတ်ထဲ နည်းနည်းတော့ အဆင်မပြေ။
မနက်ကထဲက ဦးကျန့်က သူ့ကိုလုံးဝမှ ဂရုမစိုက်သလို နေနေလေသည်။
