ရှောင်းဝမ်ရှေ့မှာ ခေါင်းငုံ့ကာ ထိုင်နေသည့် အချစ်က စကားတစ်လုံးမှဝင်မပြော။ အချစ်၏အမေနဲ့ ကိုယ်နဲ့သာ စကားလက်ဆုံ ကြနေတာမျိုး။
*ကျွန်တော်က ရှင်းလေး နေမကောင်းဘူးဆိုလို့ လာကြည့်တာ*
*ဟုတ်ပါ့ကွယ်။ ထမင်းလဲ လာထွက်မစားဘူး..! အန်တီတို့ ပြောပေမယ့် သူကသူ့သဘောမှသူ*
အချစ်အမေက ချစ်စနိုးဖြင့် ဆူသည်။ အချစ်က သူ့အိမ်မှာ အချစ်ခံရမည်ဆိုတာ သေချာသည်။ ရှောင်းဝမ်အကြည့်ကိုလဲ မသိမသာ ရှောင်နေသေးသည်။
*ညစာ တစ်ခါထဲစားသွားပါလား သားလေး။ အန်တီ ညစာပြင်လိုက်မယ်လေ*
*အန်တီက ကျွေးနေမှတော့ ကျွန်တော်မငြင်းတော့ပါဘူး*
ရှင်းလေးအမေက ညစာပြင်ဖို့ထွက်သွားမှ အရှေ့မှာ ခေါင်းကြီးငုံ့ထိုင်နေသည့် ရှင်းလေးဘေးကို ရှောင်းဝမ်ဝင်ထိုင်လိုက်သည်။
*ဘာဖြစ်လို့ လမ်းခွဲမယ်လို့ ပြောရတာလဲ။ အဲ့လိုပြောတာက ဟိုကောင့်ပယောဂရော ကင်းရဲ့လား ဟမ်*
ဒေါသအလျောက် ရှောင်းဝမ်အသံက ကျယ်သွားသည်။ ရှင်းလေးကတော့ သူ့အမေ ကြားသွားမှာစိုးသလို မီးဖိုခန်းဘက် လှည့်ကြည့်ပြီးမှ ရှောင်းဝမ်ဘက် လှည့်ကြည့်လာသည်။ မျက်ဝန်းမှာလဲ မျက်ရည်စတွေ ခိုတွဲလျက်။
*ငါ့ဘာသာငါ လမ်းခွဲချင်တာ*
*ငါ့စိတ်ကို မင်းသိတယ်နော် ရှင်းအယ်..ပြော ငါ့ကို ဘာလို့လမ်းခွဲချင်တာလဲ*
*မေမေကြားသွားမယ်*
ရှောင်းဝမ်က နှုတ်ခမ်းတွေကို ဖိကြိတ်ထားကာ ခေါင်းညိမ့်လိုက်ပြီး ရှင်းအယ်ဘက် အသေအချာလှည့်ထိုင်လိုက်သည်။ မျက်နှာချင်းဆိုင် အနေအထားက နီးနီးကပ်ကပ်။
*စာသင်ပေးနေတဲ့ လူတစ်ယောက်နဲ့ ကြိုက်ပြီးတွဲနေတာမျိုး မလုပ်ချင်တော့လို့*
*ဟာ့..စောက်အဓိပ္ပာယ်မရှိတာ*
ရှောင်းဝမ်အော်သံကြီးက ထပ်ထွက်လာပြန်သည်။ ဆံပင်တွေကိုလဲ ဆွဲဖွပစ်ကာ နှုတ်ခမ်းမှာလဲ မဲ့တဲ့တဲ့ အပြုံးတွေဖြင့်။
