°9°

12.3K 774 72
                                        

ရှင်းအယ် အခန်းထဲဝင်လာသည်နှင့် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ အရင်ကလဲ တိတ်ဆိတ်ပေမယ့် အခုက အေးစက်နေသည်ဆိုတာမျိုး။

ရှင်းအယ် တံခါးကို ပိတ်ခဲ့ပြီး စာကြည့်ခုံဆီလျှောက်နေသည့် ခြေလှမ်းတွေက တုန်ယင်ချင်နေသည်။ မွေ့ယာပေါ်ထိုင်ကာ ရှင်းအယ်ကို ကြည့်နေသည့် ရှောင်းဝမ်အကြည့်တွေက တစ်ကိုယ်လုံး ပေါက်ထွက်မတတ်။

နှုတ်ခမ်းမှာလဲ စီးကရက်ကို တေ့ထားဆဲ။ ရှင်းအယ် သူ့ဘက်ကို မကြည့်ပဲ ခုံမှာ ဝင်ထိုင်ကာ စာအုပ်ထုတ်လိုက်သည်။ မွေ့ယာပေါ်က ထလာသည့် သူက ရှင်းအယ်ဆီ တစ်လှမ်းချင်းလျှောက်လာသည်။

စားပွဲပေါ် လှမ်းတင်လိုက်သည့် ဓားကြောင့် ရှင်းအယ်ကိုယ်တိုင် ချွေးတွေစို့လာသည်။ ခြောက်လက်မလောက်ရှိသည့် ဓားတိုက အသစ်မှန်းသိသာပေသည်။

စားပွဲနဲ့ ခုံကို လက်တစ်ဖက်ဆီထောက်ကာ ရှင်းအယ်ကို ကာထားလေသည်။ ကြောက်ပေမယ့် ဟန်ကိုယ့်ဖို့ ထိန်းကာ

*ဘာလုပ်တာလဲ*

*ငါနဲ့တွဲမယ်*

ရှင်းအယ် မျက်နှာကို တည်ကာ ရှောင်းဝမ်ကို ခပ်ဆက်ဆက်မေးလိုက်သည်။ မျက်နှာထားတည်နေသည့် ရှင်းအယ်ထက် ရှောင်းဝမ်မျက်နှာက တည်တင်းနေတာဟာ ကြောက်မက်ဖွယ်။

*ရူးနေလား*

ရှင်းအယ် အော်သံနောက် စားပွဲပေါ်က ဓားက ရှင်းအယ် လက်ကောက်ဝတ်ပေါ်ကို ရောက်လာလေသည်။ ‌ရှင်းအယ်နဲ့ အကြည့်ချင်းဆုံနေသည့် ရှောင်းဝမ်က ဆုံးဖြတ်ချက်ချပြီးသလို။

ရှင်းအယ် လှုပ်လှုပ်ရှားရှားဖြစ်လာကာ

*ဓားပြန်ချလိုက် ရှောင်းဝမ်..!*

*ငါနဲ့တွဲမလား*

‌ရှင်းအယ် ဘာပြောပြော ဒီစကားကိုပဲ ရှောင်းဝမ်က ဆက်သည်။ ရှင်းအယ် စိတ်ထဲမှာလဲ မတင်မကျဖြစ်နေသည်။ သူသာ ရှောင်းဝမ်နဲ့ လက်တွဲလိုက်ရင် ကောကို သစ္စာမရှိသလို ဖြစ်လိမ့်မည်။

*ငါနဲ့တွဲမလား..မင်းမတွဲဘူးဆိုရင် ငါ စာမေးပွဲဆက်မဖြေတော့ဘူး*

အကျပ်ကိုင်နေသည့် ရှောင်းဝမ်ကြောင့် တစ်ကယ်ကို ငိုချင်စိတ်ပေါက်လာသည်။ တစ်နေ့နေ့ ဒီအခြေအနေနဲ့ ကြုံတွေ့ရမည်ဆ်ုတာ သိပေမယ့် ဒီလောက်မြန်မြန် မထင်ထား။

Restart (S-2)Where stories live. Discover now