°11°

10.2K 784 66
                                    

*ကျန့်..မိုင့်ကို လာခေါ်ပါအုံး..*

*ဘာဖြစ်လို့လဲ..ဂျက်ပါတယ်မလား*

ရှောင်းကျန့် အားမနာနိုင်ပါ။ အခုတင် ည၁၂နာရီ ကျော်နေလေပြီ။ ချာတိတ်က အိပ်နေ၍ ဘာမှမသိ။ သူကသာ အခုထိ အလုပ်တွေမပြီးလို့ အိပ်မရသေးတာပင်။

*ဂျက်က မှောက်နေပြီ ကျန့်ရဲ့။ ကူညီပါအုံး*

ရှောင်းကျန့် ချာတိတ်ဘက်ကို ကြည့်လိုက်တော့ ချာတိတ်လေးက အိပ်မောကျနေလေပြီ။ နှိုးသွားမည်ဟု ပြင်ပေမယ့် အိပ်ရေးပျက်မှာဆိုး၍ မလုပ်ရက်။

မိုင်ကလဲ သူတို့နဲ့ဖက်စပ် ကုမ္ပဏီကမို့ မကူညီရင်လဲ မကောင်း။ ဒီအခြေအနေက သိပ်စိတ်ပျက်ဖို့ကောင်းလှသည်။ ။

*အိုခေ ကိုယ်လာခဲ့မယ်..ဆိုင်နာမည်ပြော*

*------*

မိုင့်ဆီက ဆိုင်နာမည် သိရသည်နှင့် အပေါ်ထည်ထပ်ဝတ်ကာ ကားသော့ဆွဲပြီး ထွက်ရပြန်သည်။ ချာတိတ်ကို မပြောခဲ့ရ၍ စိတ်မကောင်း။ ဒါပေမယ့် ခနလေးပဲကို။

မိုင်တို့နဲ့ ပတ်သတ်ပြီး သူနဲ့ချာတိတ်က ပြဿနာ ဖြစ်ဖူးသည်မို့ တတ်နိုင်သမျှ ရှောင်ရမည်။ အခုကလဲ မလွှဲသာ၍ လက်ခံလိုက်ရခြင်းမို့ ကိုယ့်စိတ်ကို လုံပါသည်။

သူဟာ ချာတိတ်ကလွဲရင် ဘယ်သူ့ကိုမှ ခေါင်းထဲ ရှိတဲ့ကောင်မဟုတ်။ သူတို့ဘာသာ ချောပေ့လှပေ့ဖြစ်နေရင်တောင် စိတ်မဝင်စားပါ။

*ကျွန်တော်ရောက်ပြီ*

မိုင့်ဆီ ဖုန်းလှမ်းဆက်ကာ ကလပ်၏ အဝမှာပဲ စောင့်နေလိုက်သည်။ ခနကြာမှ ထွက်လာသည့် မိုင်က ပေါင်းလယ်တောင်မဟုတ်ပဲ ပေါင်ရင်းထိ ရောက်နေသည့် ဂျင်းအတိုဖြင့်။အပေါ်ကလဲ ရင်ပြတ်ဝတ်ထားသည်က အောက်ကို လျှောချတော့မယောင်။

*ကျေးဇူးပဲ ကျန့် လာခေါ်ပေးလို့*

သူ့ပုခုံးတွေကို လာပွတ်သပ်နေသည့် လက်ကို ဖြုတ်ချကာ ကားဆီသို့ သူအရင်သွားလိုက်သည်။ ကားပေါ်ရောက်သည်နှင့် စက်နှိုးကာ မိုင့်ဘက်ကို တစ်ချက်မကြည့်မိအောင် နေသည်။

ဒါဟာ သူ့ကိုယ်သူ မယုံလို့မဟုတ်။ ချာတိတ်အတွက် သူ့ရိုးသားမှုကို ပြချင်လို့။

Restart (S-2)Where stories live. Discover now