°5°

12.3K 868 50
                                        

*ဟိုကောင်နဲ့ ဘာဇာတ်ခင်းချင်နေတာလဲ ဝမ်ရိပေါ်*

*ခင်ဗျားကိုမေးရမှာ..ခင်ဗျားသာ ဟိုမိုင်ဆိုတဲ့အမျိုးသမီးနဲ့..*

*တော်စမ်း..*

ရိပေါ်ကို စကားဆုံးသည်ထိတောင် အပြောမခံပဲ ‌ဦးကျန့်က ဖြတ်အော်လာလေသည်။ ရိပေါ်မျက်နှာနားကပ်ကာ အကြည့်တွေက စူးရှနေသည်။ နဖူးကြောတွေတွန့်ပြီး မေးရိုးတွေတင်းနေထဲက ဒေါသအရမ်းထွက်နေမှန်း သိသည်။

*အဲ့ကောင်က မင်းကို ပိုးချင်နေတာ မသိဘူးလား။ သိရဲ့သားနဲ့ အဲ့လိုနေရတာ သဘောကျလို့လား*

*ကျွန်တော့်သိက္ခာကို မစော်ကားနဲ့။ ခင်ဗျားလို ကျွန်တော့်ကို ဘေးထားပြီး ဟိုမိန်းမနဲ့ပလူးချင်တိုင်း ပလူးနေတာ မဟုတ်ဘူး*

အားကျမခံ ရိပေါ်က ပြန်အော်သည်။ မျက်ရည်တွေကျကာ ငိုလဲငိုသေးသည်။ ဒီကိစ္စက ဘယ်သူကစမှားလို့သူ့ကိုအပြစ်လာတင်နေရတာလဲ။

*ဝမ်ရိပေါ်..မင်းတော်လိုက်တော့နော်*

အံကြိတ်သံနဲ့ ပြောလာသည့် ဦးကျန့်က မျက်နှာကြီးနီလာသည်။ အနာထိလို့ စပ်သွားတာဆိုရင်လဲ ရိပေါ်က အခုထိမကျေနပ်သေးသည်မို့ အရက်ပြန်ထပ်လောင်းဖို့ အဆင်သင့်။

*ခင်ဗျားကို ထိတော့နာတယ်လား..ကျွန်တော့်ရှေ့တင်တောင် ရင်ခွင်ထဲ ဝင်မတတ်ဖြစ်နေတာကို နောက်ကွယ်မှာဆို ဘယ်လောက်များဖြစ်ပျက်နေမလဲ။ ခင်ဗျားရဲ့ ပွေရှုပ်ချင်တဲ့ ဗီဇက ဒီတစ်သက်ဖျောက်လို့မရဘူးဆိုတာ ကျွန်တော်ယုံသွားပြီ..ရှောင်းကျန့်*

*မင်း..!!*

မြှောက်တက်လာသည့် ဦးကျန့်လက်တစ်ဖက်ကြောင့် ရိပေါ် မျက်လုံးစုံမှိတ်ပေးထားလိုက်သည်။ရိုက်မလို ရွယ်နေတဲ့ ဦးကျန့်ကြောင့် ရိပေါ်က အံကြိတ်ခံနေပေမယ့် စိတ်ထဲက လှိုက်ခနဲဝမ်းနည်းသွားသည်။

တစ်သက်လုံး လက်နဲ့တောင် မရွယ်ဖူးသူက အခုရိုက်မလိုတောင် ပြင်နေလေပြီ။ မျက်ရည်တွေက အတားအဆီးမရှိ ကျလာပြန်သည်။

*တောက်..မင်းကွာ*

ဦးကျန့်က တောက်ကျယ်ကျယ်ခေါက်ကာ တံခါးကိုလဲ လက်သီးနဲ့တစ်ချက်ထိုးပြီးမှ သူ့ခုံပေါ် သွားထိုင်လေသည်။ ရိပေါ်ကတော့ တံခါးနား မတ်တပ်ရပ်နေသည်မှာ တောင့်တောင့်လေး။

Restart (S-2)Where stories live. Discover now