*နင်လုပ်ထားတာ သေချာသေချာရဲ့လား မိုင်*
*သေချာပါတယ်..ပုံထွက်ကလဲ ရှယ်ကောင်းတယ်။ အဆုံးထိမသွားလိုက်ရပေမယ့် ပုံထဲမှာတော့ အရမ်းမိုက်*
ဂျက်ဆီ လှမ်းပေးလိုက်သည့်ပုံတွေထဲမှ အချို့တစ်ဝက်က စားပွဲပေါ် ပြန့်ကျဲကျနေသည်။ ရှောင်းကျန့် သူမကို လိုက်ပို့သည့်နေ့က ကားထဲကအခြေအနေကို ဓာတ်ပုံရိုက်ထားကြခြင်းဖြစ်သည်။
ဓာတ်ပုံရိုက်ထားသည်ဆိုတာကလဲ သူမတို့အိမ်ရှေ့က cctv cameraထဲက ပုံအချို့ကို ပြန်ထုတ်ယူထားခြင်းဖြစ်သည်။ ထိုပုံထဲတွင် သူမက ရှောင်းကျန့်ရင်ဘတ်တွေကို ပွတ်သပ်နေကာ နီးနီးကပ်ကပ်ရှိနေကြသည်။
အချို့ပုံတွေဆို နမ်းနေကြသည့်အတိုင်းပင်။ ရှောင်းကျန့်နဲ့ ဖက်စပ်လုပ်ထားသည့် အလုပ်က ပြီးခါနီးပြီဖြစ်၍ မပြန်ခင် ဝမ်ရိပေါ်ကို ထိုပုံတွေလက်ဆောင်ပေးလိုက်မည်။ ပြီးလျှင် သူမနဲ့ဂျက်က အသာလေးပွဲဝင်ကရုံပင်။
*ပုံထွက်က ရှယ်မိုက်..ငါ့ ညီမက တော်သားပဲ*
*ဒါတွေ ဘယ်အချိန်ပေးကြမလဲ*
မိုက်က ဆေးလိပ်သောက်ရင်း မေးလာလေသည်။ ဂျက်က ဘီယာဗူးကိုကိုင်ကာ
*မနက်ဖြန်လောက် စကြတာပေါ့*
မောင်နှမနှစ်ယောက် လက်ဝါးချင်းရိုက်ကာ ရယ်လိုက်ကြသည်။ ရှောင်းကျန့်၏ ရုပ်ရည်၊ရှောင်းကျန့်၏အနေအထားကို မိုင်က သိပ်သဘောကျသည်။ ပြီးတော့ ရှောင်းကျန့်၏ ပိုင်ဆိုင်မှုတွေရောပေါ့။
___________________
ပိတ်ရက် စနေနေ့မို့ ရှောင်းကျန့်နဲ့ ရိပေါ်က အိမ်မှာရှိနေသည်။ သားသားကတော့ ဂိုက်သင်နေကာ အရင်ကလို မျက်နှာမကောင်းပေမယ့် အခုတော့ နည်းနည်းရွှင်ပျပျဖြစ်လာလေသည်။
*ဘယ်သွားချင်လဲ ချာတိတ်..ကိုယ် လိုက်ပို့မယ်လေ*
*ဟင့်အင်း မသွားချင်ပါဘူး ဦးကျန့်ရဲ့။ သားသား ဂိုက်သင်ပြီးမှ ညနေကျရင် ညစာအတူသွားစားကြမလား*
*ချာတိတ်သဘောလေ..ကိုယ်က အားနေတာကို*
ရင်ခွင်ထဲက ရိပေါ်ခေါင်းလေးကို ပွတ်သပ်ကာ ရှောင်းကျန့်က ပြောလိုက်လေသည်။ ရှေ့ကလာနေသည့် ဇာတ်လမ်းတွဲတွင်လဲ ဘယ်သူမှစိတ်မရောက်ကြ။
