°2°

11.5K 864 17
                                    

*ဦးကျန့်..*

*အင်း ပြောလေ*

လက်တော့ပ်ဆီက အကြည့်မခွာပဲ ရိပေါ်ကို ခေါင်းညိမ့်ပြရုံသာ။ တစ်ခုခုဆို စိတ်ခံစားမှုပြင်းထန်တဲ့ ရိပေါ်က ဘာမှန်းမသိတဲ့ခံစားချက်ကြောင့် ဝမ်းနည်းသွားရသည်။

ဦးကျန့်က သူ့အပေါ် ဂရုမစိုက်သလို ခံစားမှုမျိုး။

*လက်မှတ်ထိုးစရာတွေ အိမ်ယူလာတယ်။ အဲ့တာတွေ လုပ်ရအုံးမှာနော်*

*ကိုယ်သိပါတယ်ကွာ..အခုလဲ ကိုယ်အားနေတာမှ မဟုတ်တာ။ ထားထားလိုက်..ပြီးရင် လက်မှတ်ထိုးလိုက်မယ်*

ရိပေါ်က ထိုင်နေရာမှထကာ စာရင်းစာအုပ်တွေသွားယူကာ ဦးကျန့်ရှေ့ ချပေးလိုက်သည်။ ကျောင်းပြီးကထဲက ဦးကျန့်ဆီမှာပဲ အလုပ်ဝင်လုပ်သည့် ရိပေါ်က အခုဆို အရင်ကလောက် လူသိပ်မကြောက်တော့ပေ။

ဦးကျန့်နဲ့ သားသားအပေါ်ကိုတော့ ကလေးတစ်ယောက်လို ဆိုးဆဲပင်။

*အဲ့မှာ..ပြီးရင် လက်မှတ်ထိုးလိုက်။ အခုလက်မှတ်ထိုးရမှာတွေက အရေးကြီးတယ်။*

*အင်း..ထားထားလိုက်*

ရိပေါ်ကို လုံးဝဂရုမစိုက်သည့်အဆုံး စားပွဲပေါ်က ဖုန်းကိုယူကာ ယွီပင်းနဲ့ စကားပြောနေလိုက်သည်။ စာဝင်သည့်အသံကြောင့် ဦးကျန့်က တစ်ချက်မော့ကြည့်ပြီး သူလုပ်စရာရှိတာ ဆက်လုပ်သည်။

*ကျစ်*

အလုပ်လုပ်ရင်း စုပ်သပ်လိုက်သည့် ဦးကျန့်ကြောင့် ရိပေါ်က လှမ်းကြည့်လိုက်သည်။ ဆံပင်တွေကို စိတ်မရှည်သလို ဆွဲဖွနေသည့် ဦးကျန့်က တစ်ခုခုကို အလိုမကျတာ သေချာလေပြီ။

*ချာတိတ်..ဒါ မင်းတာဝန်ယူထားတဲ့ အပိုင်းမလား*

ရိပေါ်ရှေ့ ထိုးပြသည့် လက်တော့ပ်ကြောင့် ဆွဲယူကာ ကြည့်လိုက်တော့ ကိန်းဂဏန်းတွေအနောက်မှာ သုံးညတစ်လုံး ကျန်နေခဲ့သည်။

လုပ်ငန်းကြီးတွေမို့ ငွေက ဆယ်ချီတာတောင်မဟုတ်။ ရာချီနေတာမို့ ရိပေါ်၏ သုံးညကျန်ခဲ့သည့်အပိုင်းက သိပ်ကို အရေးကြီးသည်။

*အလုပ်ကို ဘယ်လိုလုပ်နေတာလဲ..ဒါကို ငါသာ ပြန်မစစ်ခဲ့ရင် ငါတို့ဘက်က ဆုံးရှုံးမှုတွေ ဘယ်လောက်များသွားမလဲ နားလည်လား*

Restart (S-2)Where stories live. Discover now