Arc-4.22(နဉ်ရွယ်လျန့်ဘဝ)

11.7K 1.5K 31
                                    


Zawgyi
နဉ်ရွယ်လျန့်...သူတကိုယ်လုံးတင်းကြပ်စွာ အဖက်ခံထားရတာကြောင့် မျက်နှာဟာ အနည်းငယ်မကျေမနပ်ဖြစ်သွားပြီး ရုန်းလိုက်ပေမယ့် သူ့ကိုပြန်လည်တင်းကြပ်စွာဖက်တွယ်လာသည့် လက်တစ်စုံရယ်... သူရဲ့ဂုတ်နားကို လာရောက်ကျီဆယ်တဲ့လေနွေးနွေးများနဲ့အတူ... ဆွဲဆောင်အားပြင်းတဲ့ သြရှရှအသံတစ်သံ ထွက်လာတော့သည်၊

"ငြိမ်ငြိမ်နေ... ကိုယ်ဘယ်လောက်ထိ လွမ်းနေလဲ သိလား"လို့ ပြောသံကြောင့် နဉ်ရွယ်လျန့်နူတ်ခမ်းများဟာ အနည်းငယ်ပြုံးသွားသလို မျက်လုံးများဟာလည်း ကျေနပ်သည့်အရိပ်များဖြတ်သန်းသွားပေမယ့်...

"ရိုက်ကူးရေးကွင်းမှာ တွေ့နေရတာပဲလေ" လို့ ပြောလိုက်ကာ သူရဲ့ခန္ဓာကိုယ်ကို အနောက်ရှိ ကျန်းထိုက်ရန်နဲ့မျက်နှာချင်းဆိုင်လှည့်လာပြီး ကျယ်ပြန့်ပြီးနွေးထွေးတဲ့ရင်ခွင်ထဲ အတင်းဝင်တိုးနေတော့သည်၊သူတို့ တစ်ယောက်နဲ့တစ်ယောက် ပွတ်သပ်နေပြီး... စိတ်ရိုင်းများမဝင်ခင်မှာ အစေခံတစ်ယောက်ဟာ တံခါးလာခေါက်တော့သည်၊

"သခင်လေး နောက်ကျနေပြီ...လို့ သခင်ကြီးပြောခိုင်းလိုက်ပါတယ်"

နဉ်ရွယ်လျန့်မျက်နှာဟာ အနည်းငယ်ဆူပုပ်သွားပေမယ့် သူသိကြောင်း ပြန်ဖြေလိုက်သည်၊ထိုနောက် ထိုအစေခံဟာမထွက်သွားသေးပဲ

"သခင်လေးထိုက်ရန်အတွက်... အဝတ်အစားကို... " လို့ ထစ်ထစ်ငေါ့ငေါ့ပြောနေပုံဟာ သူတို့နှစ်ယောကအ်ပေါ် အကြီးကြီးအထင်လွဲနေပုံရပြီး အခန်းဝင်လာရမလား မမေးရဲသည့်ပုံပင်၊ထိုကြောင့် နဉ်ရွယ်လျန့်ဟာ မကြည်လင်သည့်မျက်နှာဖြင့် ချက်ချင်းထကာ တံခါးဆွဲဖွင့်လိုက်ပြီး အဝတ်အစားတွေကိုလှမ်းယူပြီး တံခါးကိုပြန်ဆောင့်ပိတ်လိုက်သည်၊ကျန်းထိုက်ရန်ကတော့ ကုတင်ပေါ်မှာ ပြုံးကာကြည့်နေသည်ကို မြင်တော့ မကျေမနပ်တစ်ချက်ပြန်ကြည့်လိုက်ပြီး

"ကျွန်တော် ရေအရင်ချိုးနှင့်မယ်"လို့ ပြောလိုက်ရင်း ကျန်းထိုက်ရန်အတွက် စီစဉ်ထားသည့်အဝတ်တွေကို ကုတင်ပေါ်တင်လိုက်ပြီး... ရေချိုးခန်းထဲကို ဝင်သွားတော့သည်၊ထိုနောက် ရေပူရေအေးညှိလိုက်ပြီးနောက် သူရဲ့ညဝတ်စုံကို ချွတ်ကာ ရေချိုးကန်ထဲ ဝင်ကာရေဝင်စိမ်လိုက်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now