Arc-5.3(The Sun's Tears)

9.6K 1.3K 101
                                    

Zawgyi

ရာလ်ဟောက်စ် ဟိုတယ်မှာ အရင်ပိုင်ရှင်ရဲ့သား ဒီနေ့ကစပြီး စတင်ဦးစီးတော့မည်ဟုကြားလာချိန်မှာ အကုန်လုံးဟာ ပြာယာခတ်နေပြီး အချို့ဝန်ထမ်းမိန်းကလေးတွေဆို အလှပဆုံးပြင်ဆင်ကာ ဧည့်ကြိုနေရာတွေ သူဌေးဆိုသည့်သူကို စောင့်နေတော့သည်၊

"ဟဲ့ တော်ကြာ အဲ့သူဌေးဆိုတဲ့သူက အသက်ကြီးကြီး ဗိုက်ပူပူဆိုဘယ်လိုလုပ်မှာလဲ?" လို့ ဝန်ထမ်းမလေးတစ်ဦးဟာ ပြောလိုက်တော့ ကျန်သည့်သူများလည်း ရွံရှာသလိုဖြစ်သွားကာ...

"ဟုတ်ပ မန်နေဂျာချုပ်ဂျက်လိုဆို ဘယ်လိုလုပ်မလဲ!" လို့ ပြောလိုက်တော့ သူမတို့မှာ ပိုအန်ချင်စိတ်ပင်ပေါက်သွားတော့သည်၊ထို ဂျက်ဆိုသည့်မန်နေဂျာဟာ ဒီမှာ သိပ်ရှိတာမဟုတ်ပေမယ့် လာတိုင်းလည်း ဝန်ထမ်းမလေးတွေကို မထိတထိအရမ်းစတာကြောင့် သူ့ဆိုရင် ရွံရှာကြတာမဆန်းပေ၊ထိုလိုနဲ့ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြရင်း ကားငါးစီးဟာ ဟိုတယ်ဝန်းထဲ ဝင်လာတော့သည်၊

အနက်ရောင်ငါးလေးစီးဟာ နက်ပြာရောင်ဇိမ်ခံကားကို ဝန်းရံကာ ဝင်လာတာကြောင့် ဟိုတယ်ပန်းခြံထဲမှာ အနားယူနေသည့်ဧည့်သည်များသာမက ဟိုတယ်ရှေ့မှာ ရပ်စောင့်နေသည့်မန်နေဂျာကိုပါ လှုပ်လှုပ်ရွရွဖြစ်သွားစေနိုင်သည်၊

ထိုနောက် အနက်ရောင်ဇိမ်ခံကားတွေထဲကနေ သက်တော်စောင့်များထွက်လာပြီးနောက်မှာ နက်ပြာရောင်ကားအဖုံးဟာ အပေါ်ကိုထောင်တက်ပွင့်သည့်မြင်ကွင်းကို သူတို့ဟာအံ့အားသင့်စွာ ကြည့်နေမိသည်၊ကားအကြောင်း နားမလည်သူတွေတောင် ထိုကားရဲ့ဈေးဟာ မသေးကြောင်းနားလည်လိုက်သည်၊သူတို့အနေနဲ့ ကားအကြောင်းနားမလည်ပေမယ့် ကားရဲ့ထိပ်ဆုံးရှိ brandကို မြင်ရုံဖြင့် တော်တော်ဈေးကြီးမည့်ကားဆိုတာ သိသည်၊

ထိုနောက် ကားထဲကနေ လူငယ်လေးတစ်ဦးထွက်လာတော့သည်၊​ငွေရောင်ဆံပင်များကို ဖြစ်ကလိုဖွထားပေမယ့် ဗွီပုံသဏ္ဍာန်မျက်နှာနဲ့လိုက်ဖက်စွာတည်ရှိနေပြီး မျက်ခုံးတန်းလေးဟာ ဖြောင့်စင်းနေကာ တိမ်မှိုင်ရောင်လို မျက်ဝန်းများဟာ ထုံးစံအတိုင်းမည်သည့်ခံစားချက်များမဖော်ပြထားပေမယ့် လူအမြင်ကတ်စရာ လှောင်ပြုံးတစ်ခုကို ဆင်ယင်ထားပြီး အနက်ရောင်လက်ရှည်အင်္ကျီပွကို နက်ပြာရောင်ဂျင်းဘောင်းဘီအကြပ်ကို ဝတ်ဆင်ထားသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Donde viven las historias. Descúbrelo ahora